Trending Now

မုံရွာမြို့နယ် စာစစ်လုပ်ငန်းနှင့် တက္ကသိုလ်များ ၏ စာမေးပွဲများ ယနေ့စတင် ယာယီရပ်ဆိုင်း

Spread the love

မုံရွာမြို့နယ် စာစစ်လုပ်ငန်းနှင့် တက္ကသိုလ်များ ၏ စာမေးပွဲများ ယနေ့စတင် ယာယီရပ်ဆိုင်း

EPN
မုံရွာ၊ မတ် ၂၄

မြန်မာနိုင်ငံတွင် Covid19 ပိုးတွေ့ သူရှိလာပြီး နောက်မုံရွာမြို့နယ် စတုတ္ထတန်းနှင့် အဌမတန်း စာစစ်လုပ်ငန်းကို မတ်လ(၂၄)ရက်နေ့မှစ၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း မုံရွာမြို့နယ်ပညာရေးမှူးရုံးက ထုတ်ပြန်ကြေငြာလိုက်သည်။

ထို့အပြင်မုံရွာမြို့ရှိ တက္ကသိုလ်များတွင် ကျင်းပနေဆဲ စာမေးပွဲများအားလုံးကိုလည်း မတ်လ ၂၄ရက်မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း တက္ကသိုလ်များ၏ ထုတ်ပြန်ကြေညာချက် အရသိရသည်။

“မုံရွာမြို့နယ် ပညာရေးမှူးရုံးအလုပ်အမှူဆောင် အဖွဲ့ရဲ့သဘောတူဆုံးဖြတ်ချက်အရလက်ရှိဆောင်ရွက်နေတဲ့ ၄ တန်းနဲ့ ၈ တန်းစာစစ်တာတွေကို ၂၄ ရက်ကစ ယာယီရပ်နားလိုက်တာပါ။ စာစစ်တာ၃ရက်ပါ။ ၂၄ ရက်နေ့ ဆိုရင် စာစစ်တာပြီးပေမယ့် မနေ့ညသန်းခေါင်ကမြန်မာနိုင်ငံမှာ Covid19 ပိုးတွေ့ ပြီဆိုတာ အတည်ပြု ကြေငြာတဲ့အတွက် နားလိုက်တာပါ”ဟု မုံရွာမြို့နယ်ပညာရေးမှူးဦးမျိုးညွန့်ကပြောသည်။

မုံရွာမြို့ရှိ မုံရွာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်တို့တွင် စာမေးပွဲဖြေဆိုမှု အားလုံးရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။