Trending Now

ရသေ့တောင်မြို့နယ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ၁၃ ဦး သေဆုံးခဲ့

Spread the love

ရသေ့တောင်မြို့နယ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ၁၃ ဦး သေဆုံးခဲ့

EPN
နိုင်ငံကတာ၊ မေ ၁၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာမှာ ပြည်သူတွေခိုလှုံနေတဲ့ ဓမ္မာရုံပြိုကျပြီး လူ(၁၃)ယောက်သေဆုံးခဲ့တယ်လို့ ရခိုင်အခြေစိုက်သတင်းတွေအရ သိရပါတယ်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်းအားပြင်းမုန်တိုင်း မိုခါ ကြောင့် ပြည်သူတွေ လေဘေးလွတ်ရာ ခိုလုံနေစဉ်မှာ ဓမ္မာရုံပြိုကျလို့ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၉ ဦး နဲ့ အမျိုးသား ၄ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆိုင်ကလုန်း မိုခါ ကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ၂၉ ဦးအထိ ရှိလာခဲ့တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြထားပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဆိုင်ကလုန်းကြောင့် နိုင်ငံတစ်ဝှမ်းက အိမ်ခြေ ၈၆၀ ကျော် နဲ့ ဆေးရုံ၊ဆေးခန်းတွေအပါအဝင် အဆောက်အဦးအများအပြား ပျက်စီးခဲ့ရပြီး သေဆုံးသူ ၃ ဦးရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။