Trending Now

ရွှေကျင်းဟောင်းအတွင်း မြေစာပြိုကျရာအမျိုးသားတစ်ဦး​ သေဆုံး

Spread the love

ရွှေကျင်းဟောင်းအတွင်း မြေစာပြိုကျရာအမျိုးသားတစ်ဦး​ သေဆုံး

EPN
ဆယ်ဇင်း၊ မေ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး မေလ ၂၀ ရက်နေ့ ၁၀ နာရီခွဲ အချိန်က ရွှေကျင်းဟောင်းတစ်ခု အတွင်း မြေစာပြိုကျရာ အမျိုးသားတစ်ဦး​ မြေစာပ်ိ၍ သေဆုံးသွားကြောင်း ဆယ်ဇင်း နယ်မြေရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ (ဘ)ဦးလှသိန်း ၏ သား အောင်ချမ်းအေးရပ်နေ အသက် ၃၁နှစ်အရွယ်ရှိ အောင်ဆန်းလင်း ဆိုသူဖြစ်ပြီး ဆယ်ဇင်းကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခွဲခန့်အကွာ အနက် ၃၅ ပေ ရှိ ရွှေကျင်းဟောင်း၌ မြေစာပိမိမှုကြောင့် ကျောညိုမဲ ယာဒူးပွန်းဒဏ်များဖြင့် ​ေသဆုံးခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားရာသို့ ဆယ်ဇင်းနယ်မြေခံစခန်းမှူး ရဲအုပ်အောင်မြတ်သူနှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းခိုင်ဖြိုး၊ ဦးမောင်နိုင်နှင့် အဖွဲ့ဝင်များကသွားရောက် စစ်ဆေးကြည့်ရှုကာ သေဆုံးသူ၏ ရုပ်အလောင်းကို တာမခံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်နှင့် ပတ်သက်၍ ဆယ်ဇင်းနယ်မြေရဲစခန်းတွင် သေမှု သေခင်း အမှတ်စဉ် ၃/၂၀၂၀ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။