Trending Now

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) နယ်မြေများကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ထား

Spread the love

ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) နယ်မြေများကို တပ်မတော်မှ ပြန်လည်ထိန်းချုပ်ထား

EPN
ဝိုင်းမော်၊ မတ် ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) နယ်မြေများကို ယမန်နေ့ ညနေ ၆နာရီ အချိန်ခန့်က တပ်မတော်မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့တွင် အောင်မြေ (၁)၊ (၂)၊ အင်းလေး၊ ခါးရှီ၊ ရွှေညောင်ပင် ကျေးရွာအုပ်စုတို့တွင် KIA၊ PDF ပူးပေါင်းအဖွဲ့မှ သာလွန်အင်အားဖြင့် တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့၍ ပြည်သူ့စစ်စခန်းနှင့် တပ်မတော် ရှေ့တန်းစခန်းငယ်တချို့ ဆုတ်ခွာပေးခဲ့ရပြီး၊ ယမန်နေ့၊ ညနေ ၆နာရီ အချိန်ခန့်တွင် မြေပြင်၊ လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ယင်းနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြေပြင်၊ လေကြောင်း၊ လက် နက်ကြီးပစ်ကူများ ထိရောက်ခဲ့၍ KIA၊ PDF ပူးပေါင်းအဖွဲ့အနေဖြင့် ၎င်းတို့သိမ်း ပိုက်ထားသည့် အောင်မြေ (၁) ကျေး ရွာအုပ်စုအတွင်းမှ အထိအခိုက်များစွာဖြင့် ပြန်လည် ဆုတ်ခွာနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

” မနေ့က အောင်မြေ (၁) ဘက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်။ မြေပြင်မှာလည်း ပစ်ကြတယ်။ လေကြောင်း လက်နက်ကြီးပစ်ကူတွေနဲ့ ချတာ။ ရွာကတော့ ပျက်စီးမှု များသွားတယ်။ KIA၊ PDF အဖွဲ့လည်း ပြန်ထွက်သွားပြီ။ စစ်တပ်က အတော်များများ နေရာပြန်ယူထားတယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ၏ နေအိမ်တချို့ မီးလောင်ပျက်စီးမှုများ ရှိခဲ့ပြီး၊ ကျေးရွာအုပ်စုအတွင်းက ‌တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာ၍ ဝိုင်းမော်မြို့ပေါ် ရှိ ယာယီစစ်ရှောင်စခန်းများသို့ တိမ်းရှောင်ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့တို့သည် မတ်လ (၇) ရက်နေ့တွင် ဝိုင်းမော်- လိုင်ဇာ လမ်းပိုင်းရှိ တပ်မတော် ရှေ့တန်းစခန်းငယ်များနှင့် တပ်စခန်းကုန်းများကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ယင်းအပြင် ဗန်းမော်ခရိုင်အတွင်း၌လည်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများပြင်းထန်ခဲ့၍ ‌ဗန်းမော်လေကြောင်းလိုင်းအား ယာယီပိတ်ထားခဲ့ပြီး၊ ဗန်းမော်တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ များနှင့် ကျောင်းသား၊ ကျောင်းသူများကို ဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။