Trending Now

ဟုမ္မလင်းမြို့နယ်တွင် အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွါး

Spread the love

ဟုမ္မလင်းမြို့နယ်တွင် အသက် ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွါး

EPN
မိုင်းကိုင်း၊ မေ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မိုင်းကိုင်း ကျေးရွာအုပ်စု၊ သက္ကယ်တောင်ကျေးရွာတွင် ယမန်နေ့ မေလ ၁၆ ရက်နေ့ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွါးခဲ့ ကြောင်းသိရသည်။

အမျိုးသားတစ်ဦးကြိုးဆွဲချသေဆုံးကြောင်း သတင်းရသည်နှင့်တပြိုင်တည်း ဟုမ္မလင်းမြို့နယ် မိုင်းကိုင်နယ်မြေရဲကင်းမှူး ရဲအုပ် သိန်းထိုက်နှင့်တပ်ဖွဲ့ဝင်တို့သည် သက္ကယ်တောင်ကျေးရွာမှ သက်သေများနှင့်အတူ အချင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ကြသည်။

အဆိုပါအချင်းဖြစ်နေရာတွင် သေဆုံးသူ အသက် (၆၅)နှစ်အရွယ်ရှိ ဦးရွှေမောင်သည် ၎င်း၏နေအိမ်ဘုရားခန်းရှိ အမြင့်(၇)ပေခန့်ရှိသော ထုတ်တန်းတွင် အရှည် (၁၅)ပေခန့်ရှိ သုံးလွန်းတင် နိုင်လွန်ကြိုးအဖြူရောင်ဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြသည်။

သေဆုံးမှုနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းချက်များအရသေဆုံးသူသည် ဇနီးဖြစ်သူနှင့် နံနက်အစောပိုင်းက စကားများခဲ့ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့ဝင်များက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန်အတွက် ဆေးစာနှင့်အတူ နမ့်တောတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ မိုင်းကိုင်းနယ်မြေရဲကင်းမှ သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၂၀ ဖွင့်လှစ်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် အမှုစစ် နယ်မြေရဲကင်းမှူး ရဲအုပ်သိန်းထိုက်က စစ်ဆေးအရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း မိုင်းကိုင်းနယ်မြေရဲကင်းမှသိရသည်။

ဗန်းမော်သုမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။