Trending Now

နန်စီပေလိုစီ ထိုင်ဝမ်သမ္မတ နဲ့ တွေ့မယ်ဆိုလို့ တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်ရေလက်ကြားကို တပ်ဖြန့်ထား

Spread the love

နန်စီပေလိုစီ ထိုင်ဝမ်သမ္မတ နဲ့ တွေ့မယ်ဆိုလို့ တရုတ်စစ်လေယာဉ်တွေ ထိုင်ဝမ်ရေလက်ကြားကို တပ်ဖြန့်ထား

EPN
နိုင်ငံတကာ ၊ သြဂုတ် ၂

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီဟာ မနက်ဖြန်မှာ ထိုင်ဝမ်သမ္မတ နဲ့ တွေ့ဆံဖို့ စီစဉ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့ မနက်မှာပဲ တရုတ်စစ်လေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားအနီးကို ပျံသန်းလာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် တရုတ်စစ်သင်္ဘောအများအပြားဟာလည်း ယမန်နေ့ကတည်းက တရားဝင်ပိုင်းခြားထားတာမဟုတ်တဲ့ ထိုင်ဝမ်ရေလက်ကြားမျဉ်းအနီးမှာ ရောက်ရှိလာခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ရိုက်တာသတင်းဌာနကို ပြောဆိုထားပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း သူတို့ရဲ့ တိုက်ခိုက်ရေးသတိပေးချက်ကို ယနေ့နံနက်ကနေစတင်ပြီး သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်းအထိ တိုးမြှင့်ထားတယ်လို့ ထိုင်ဝမ်သတင်းမြစ်တစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

နန်စီပေလိုစီဟာ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့ အပါအဝင် အာရှ လေးနိုင်ငံခရီးစဉ်ကို ဩဂုတ် ၁ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ထိုင်ဝမ်ကို သွားရောက်မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “သူသွားရဲတယ်ဆိုရင် တရုတ်က ဘယ်လိုအရေးယူ ဆောင်ရွက်မလဲ စောင့်ကြည့်ကြရအောင်” လို့ ကျောက်လိကျန်းက ပြောခဲ့ပါတယ်။

အမေရိကန်ဘက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း နန်စီပေလိုစီ ရဲ့ အာရှခရီးစဉ်အတွင်းမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်ကို သွားရောက်နိုင်တယ်လို့ ပြောဆိုခဲ့ပြီး သွားမယ်မသွားဘူးဆိုတာတော့ ပေလိုစီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်တယ်လို့ ဒီနေ့ နံနက်ပိုင်းက ပြောဆိုထားပါတယ်။

source – ရိုက်တာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။