Trending Now

ချီဖွေမြို့နယ်တွင် တာဝန်မှကင်းကွာနေရာမှာ ပြန်လည်ဆက်သွယ်လာသည့် ဆရာ ဆရာမ ၇ ဦးရှိ

Spread the love

ချီဖွေမြို့နယ်တွင် တာဝန်မှကင်းကွာနေရာမှာ ပြန်လည်ဆက်သွယ်လာသည့် ဆရာ ဆရာမ ၇ ဦးရှိ

EPN
မြစ်ကြီးနား ၊ဇွန်လ ၇

ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် တာဝန်မှကင်းကွာနေရာမှာ ပြန်လည်ဆက်သွယ်လာသည့် ဆရာဆရာမဦးရေ (၇) ဦးရှိပြီဖြစ်ကြောင်း ချီဖွေမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ချီဖွေမြို့နယ်တွင် ဆရာဆရာမ စုစုပေါင်း ၅၀၀ ကျော်ရှိသည့်အနက် (၁၈၀)ကျော်ခန့်မှ တာဝန်မှ ကင်းကွာနေပြီး ယင်းအနက် ၇ ဦးခန့်သာ ပြန်လည်ဆက်သွယ်လာပြီဖြစ်ကြောင်း ချီဖွေမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ချီဖွေမြို့နယ် အတွင်းမှာက အရင်ကဆို ဆရာဆရာမ ၅၀၀ ကျော်လောက်ရှိတယ်၊ အခုကျောင်းဖွင့်ကာလရောက်တော့ အခြေအနေအမျိုးမျိုးကြောင့် ဆရာဆရာမ ၁၈၁ ဦးလောက်က တာဝန်ကနေကင်းကွာနေတယ်၊ ကျန်ရှိဆိုရင် ၃၀၀ လောက်ပဲ ကျန်တော့တယ်၊ ကလေးတွေအတွက် ပညာသင်ကြားရေးမှာတော့ ဆရာဆရာမ လိုအပ်မှုတော့ရှိနေတယ်၊ အဓိက ကမူလတန်းသင်ကြားမဲ့ ဆရာဆရာမတွေ လိုအပ်နေတယ်၊ ဒါပေမဲ့ အခုနှစ် ၂၀၂၂ ၂၀၂၃ ပညာသင်နှစ်အတွက် ဆရာဆရာမ ၄၀ ဦး လောက် ထပ်တိုးခန့်ထားတယ်၊ ” ဟု ၎င်းကပြောသည်။

မြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် တာဝန်မှကင်းကွာနေသည့် ဆရာဆရာမ ၁၈၁ ဦးရှိနေကာ သင်ကြားရေးဆရာဆရာမ လိုအပ်ချက်များရှိပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ထံတင်ပြထားကြောင်း သိရသည်။

ကချင်အထူးဒေသ ၁ အတွင်းရှိ ချီဖွေမြို့နယ်တွင် ယခုနှစ် ၂၀၂၂ ၂၀၂၃ ပညာသင်နှစ်အတွက် စာသင်ကျောင်းပေါင်း ၇၃ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ (၄၀၂၇) ဦး တက်ရောက် ပညာသင်ကြားလျှက်ရှိကြောင်းသိရသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ခြိမ်းခြောက်ခံရခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိခြင်းနှင့် စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေးတာဝန်များကို ပြန် လည်ထမ်းဆောင်နိုင်ရန် ယနေ့ ဇွန်လ ၇ ရက်နေ့နောက်ဆုံးထားဆက်သွယ်ရန် ထုတ်ပြန်ထားကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။