Trending Now

ရုရှားသမ္မတ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားလုပ်ကားတစ်စီးလက်ဆောင်ပေး

Spread the love

ရုရှားသမ္မတ ပူတင်က မြောက်ကိုရီးယားခေါင်းဆောင်ကို ရုရှားလုပ်ကားတစ်စီးလက်ဆောင်ပေး

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကို ရုရှားလုပ်ကားတစ်စီး လက်ဆောင်အဖြစ်ပေးအပ်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်း KCNA က ဖော်ပြခဲ့ပါတယ်။

ကားအမျိုးအစားနဲ့ မော်ဒယ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် အဆိုပါကားကို မြောက်ကိုရီးယားခေါင်းဆောင် ပုဂ္ဂိုလ်ရေးအရ အသုံးပြုဖို့အတွက် ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံကို သွားရောက်လည်ပတ်စဉ်မှာ ရုရှားနိုင်ငံထုတ် Aurus ဇိမ်ခံကားကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

လက်ဆောင်ကို မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်နဲ့ ကိုရီးယားအလုပ်သမားပါတီ ဗဟိုကော်မတီအတွင်းရေးမှူး ပတ်ဂျောင်ချွမ် တို့ကလက်ခံရယူခဲ့တယ်လို့ KCNA က ဖော်ပြပါတယ်။

ကင်ယိုဂျောင်က ရုရှားသမ္မတကို ကျေးဇူးတင်ကြောင်းနဲ့ ဒီလက်ဆောင်ဟာ “နှစ်နိုင်ငံခေါင်းဆောင်တွေ ထူထောင်ထားတဲ့ အထူးချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးအတွက် ရှင်းရှင်းလင်းလင်း အထောက်အထားတစ်ခုအနေနဲ့ သက်သေပြလိုက်တာ” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ref;aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။