Trending Now

တနိုင်းမြို့ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်

Spread the love

တနိုင်းမြို့ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်

EPN
တနိုင်း၊ ဧပြီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု ယမန်နေ့ (ဧပြီ ၅ ရက်)၊ ညပိုင်းက လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ယမန်နေ့၊ ည ၇ နာရီ ၁၅ မိနစ် ၃၆ စက္ကန့်ခန့်က တနိုင်းမြို့၏ အရှေ့မြောက်ဘက် (၁၄)မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၆ ဒဿမ ၅၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒဿမ ၈၆)ဒီဂရီ၊ အနက် (၃၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅ ဒဿမ ၅)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့မှုအား မြစ်ကြီးနား မြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကာ ငလျင်စခန်း၏ အနောက်မြောက်ဘက် ၇၈ မိုင်ခန့် ကွာဝေးကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။