Trending Now

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲရာမှ အဆောက်အဦး ၂ လုံးမီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲရာမှ အဆောက်အဦး ၂ လုံးမီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၅ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ နံနက် ၅နာရီ အချိန်ခန့်က စီတာပူရပ်ကွက်အတွင်း လျှပ်စစ်မီး ပလပ်ခုံ အပူလွန်ကဲရာမှ အဆောက်အဦး ၂ လုံးဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စီတာပူရပ်ကွက်၊ မိန်ခိန်လမ်းရှိ မြေစိုက် ၄ ခန်းတွဲ ကုန်စုံဆိုင်အတွင်း သွယ်တန်းထားရှိသည့် ပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

” မနက်ပိုင်း လူတွေအိပ်နေချိန် မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်တယ်။ ပလပ်ခုံကအဟောင်းဆိုတော့ အပူဒဏ်မခံနိုင်ပဲ မီးစလောင်တာ။ ဆိုင်ခန်းကလည်း ထရံကာဆိုတော့ မီးလောင်လွယ်တယ်။ ရပ်ကွက်နေသူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး မီးငြိမ်းခဲ့ကြရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ မီးလောင်မှုကို မီးသတ်ရေယာဥ် ၁ စီး၊ ရေသယ်ယာဥ် ၂ စီးဖြင့် မိနစ် ၂၀ ခန့်ကြာ မီးငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းမီးလောင်မှုကြောင့် (၃၀×၂၄)ပေ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း၊ အုပ်ညှပ် ၂ ထပ်အိမ်တစ်လုံး၊ (၃၆×၁၀)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၄ခန်းတွဲ အဆောက်အဦ ၁ လုံး ၊ စုစုပေါင်း ၄၅ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သူ ဦးဆိုင်းဒန့်အား မြစ်ကြီးနားမြို့နယ်၊ မြို့မရဲစခန်းမှ ( ပ ) ၈ /၂၀၂၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။