Trending Now

မန်ခိန်ရပ်ကွက်တွင် ဆိုင်ကယ်နှစ်စီး တိုက်မိ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ

Spread the love

မန်ခိန်ရပ်ကွက်တွင် ဆိုင်ကယ်နှစ်စီး တိုက်မိ၊ တစ်ဦး ပြင်းထန်ဒဏ်ရာရ

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၈ (၂၀၂၃)

မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက် လမ်းမကြီးတွင် ယမန်‌နေ့ည ၆ နာရီခွဲခန့်က ဆိုင်ကယ် နှစ်စီး တိုက်မိပြီး ဆိုင်ကယ်သမားတစ်ဦး စိုးရိမ်ရကြောင်း မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအသင်းထံမှ သိရသည်။

မန်ခိန်ရပ်ကွက် ကချင်ပြည်နယ် လွတ်တော်ရုံး အရှေ့နားတွင် ဆိုင်ကယ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကြပြီး ဒဏ်ရာများ စိုးရိမ်ရကြောင်း လူမူကယ်ဆယ်ရေး အသင်းထံသို့ ဆက်သွယ်အကြောင်းကြားလာသည့်အတွက် သွားရောက် ကူညီပေးခဲ့‌ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ (မြစ်ကြီးနား) မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“လမ်းမကြီးမှာပဲ တိုက်မိကြတာပေါ့၊နည်းနည်းမှောင်စပြုတဲ့အချိန် နှစ်ဦးသား မျက်နှာချင်းဆိုင် တိုက်မိကြတာ၊ နှစ်ဦးလုံးဒဏ်ရာတွေရကြတယ်၊ တစ်ဦးက ခေါင်းပေါက်တယ်စိုးရိမ်ရတယ်၊ နှစ်ယောက်လုံးကအမျိုးသားတွေ၊ အသက် ၄၀ ကျော်တွေပဲ” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆိုင်ကယ်တိုက်မှုကြောင့် ဆိုင်ကယ်သမားတစ်ဦးမှာ ဦးခေါင်း ပေါက် ဒဏ်ရာ (စိုးရိမ်ရ) အခြေအနေရှိကြောင်းနှင့် ကျန်တစ်ဦးမှာ နဖူးပွန်းပဲ့၊ မျက်ခုံးပွန်းပဲ ဒဏ်ရာများဖြင့် ပြည်သူ့ ဆေးရုံကြီးတွင် ကုသခံယူနေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။