Trending Now

မြစ်ကြီးနား ပထမပုဂ္ဂလိကဘဏ်အရှေ့အနီး ယာဉ်တိုက်မှု တရားခံအားအမှုဖွင့်အရေးယူ

Spread the love

မြစ်ကြီးနား ပထမပုဂ္ဂလိကဘဏ်အရှေ့အနီး ယာဉ်တိုက်မှု တရားခံအားအမှုဖွင့်အရေးယူ

EPN
မြစ်ကြီးနား၊ ဧပြီ ၄

မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ပထမပုဂ္ဂလိကဘဏ်အရှေ့အနီး ယမာန်နေ့ည ၉နာရီဝန်းကျင်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့မှုကြောင့် တစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရှိခဲ့ရာ မော်တော်ယဥ်မောင်းနှင်သူတရားခံအား အမှုဖွင့်အရေးယူထားကြောင်း နယ်မြေရဲစခန်းမှသိရသည်။

ဖြစ်စဥ်မှာ မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက် ရွှေတောင်ကြားလမ်းအတိုင်း မြောက်မှတောင်သို့ အာဝေ (က) ၂၆နှစ်၊ (ဘ) ဦးတင်ချန်၊ အောင်မြေ (၁) ဝိုင်းမော်မြို့နယ်နေသူ မောင်းနှင်လာသော LEXUS အမျိုးအစား အနက်ရောင်ယာဥ်သည် မြို့သစ်ရပ်ကွက် စည်ပင်သာယာလမ်းမကြီးအတိုင်း ရှေ့မှနောက်သို့ မောင်းနှင်လာသည့် စူပါကပ် JIALING အမျိုးအစား (ဖြူနီရောင်) ဆိုင်ကယ်ဖြင့် စည်ပင်သာယာလမ်းမကြီးနှင့် ရွှေတောင်ကြားလမ်းဆုံတွင် ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် အသက် ၄၁နှစ်အရွယ်အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး၊အမျိုးသားတစ်ဦးနှင့်ကလေးငယ်တစ်ဦးတို့မှာ အတွင်းလူနာ (စိုးရိမ်ရ) ဖြင့်ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းသိရသည်။

ယင်းဖြစ်စဥ်ကြောင့် လမ်းသွယ်မှထွက်သောယာဥ်သည် လမ်းမကြီးမှ မောင်းနှင်လာသောယာဥ်ကို ဦးစားပေးမောင်းနှင်ရမည်ကို လိုက်နာမှုမရှိဘဲ လူအားထိခိုက်ဒဏ်ရာရသေဆုံးစေသူ ယာဥ်မောင်း အာဝေအား နမစ(မကန)ယာဥ်(ပ)၇/၂၀၂၂၊ရာဇသတ်ကြီးပုဒ်မ-၃၀၄/က/၃၃၈ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။