Trending Now

ရုရှားကို ထွက်ပြေးမှာလား လက်နက်ချမှာလားလို့ ယူကရိန်းသမ္မတ မေး

Spread the love

ရုရှားကို ထွက်ပြေးမှာလား လက်နက်ချမှာလားလို့ ယူကရိန်းသမ္မတ မေး

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

ယူကရိန်းသမ္မတ ဇလန်ဇကီက ယူကရိန်းတပ်တွေဟာ နောက်ထပ်အောင်ပွဲဆင်ဖို့အတွက်ပြင်ဆင်နေပြီးဖြစ်ကြောင်း မနေ့က ဗီဒီယိုမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရုရှားစစ်သားတွေကို ထွက်ပြေးမှာလား လက်နက်ချမှာလား လို့ ထည့်သွင်းမေးမြန်းသွားခဲ့ပါတယ်။

ဇလန်ဇကီက ရုရှားလူမျိုးတွော တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေတယ်လို့ စွပ်စွဲခဲ့ပြီး ယူကရိန်းတောင်ပိုင်းက မိုင်ကိုလီဗ် စက်ရုံနဲ့ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံး နျူကလီးယား စက်ရုံကို ရုရှားဒုံးကျည်တွေ ထိမှန်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြခဲ့ပါတယ်။

ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရုရှားဘက်က တုံ့ပြန်မှုမရှိခဲ့ပေမယ့် ယူကရိန်းအရှေ့တောင်ဘက်မှာတော့ ဆက်တိုက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ရုရှားက ကြေညာခဲ့ပါတယ်။ အမေရိကန်က ထောက်ပံ့ပေးထားတဲ့ HIMARS ဒုံးပျံစနစ်တွေကို ပြုပြင်ဖို့ အသုံးပြုတဲ့ အဆောက်အအုံကို ဖျက်စီးပစ်ခဲ့တယ်ဆိုတဲ့ ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေ ထိမ်းချုပ်ထားတဲ့ ဒွန်းနက်စ် မြို့ကို ယူကရိန်း တပ်သားတွေက ပစ်ခတ်ခဲ့လို့ ကလေးနှစ်ဦး အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ မြို့တော်ဝန် အလက်ဇီ ကူလမ်ဇင် ကပြောကြားခဲ့ပါတယ်။

— ကိုးကား —
NHK
ref; Ukrainian President tells Russians to ‘flee or surrender’

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။