Trending Now

မရမ်းကုန်းမြို့နယ်တွင် Probox ကားတစ်စီးမီး လောင်

Spread the love

မရမ်းကုန်းမြို့နယ်တွင် Probox ကားတစ်စီးမီး လောင်

EPN
ရန်ကုန်၊ ဧပြီ ၁၀ (၂၀၂၄)

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တွင် ယနေ့ (ဧပြီ ၁၀ ရက်)၊ နံနက်အစောပိုင်းက Probox ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့၊ နံနက်အစောပိုင်း ၃ နာရီ ၅၄ မိနစ်ခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ် (၉)ရပ်ကွက်၊ ဝါယာလက် (၂)လမ်းထိပ်တွင် Probox ကားတစ်စီး မီးလောင်နေသဖြင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ရာ နံနက် ၄ နာရီ ၆ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

Probox ကား မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မြို့နယ်မီးသတ်စခန်းမှ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။