Trending Now

ယူကရိန်း ရုရှားဆွေးနွေးပွဲကို ဘီလာရုနယ်စပ်တွင် ယနေ့နံနက် စတင်မည်

Spread the love

ယူကရိန်း ရုရှားဆွေးနွေးပွဲကို ဘီလာရုနယ်စပ်တွင် ယနေ့နံနက် စတင်မည်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

ယူကရိန်းနှင့် ရုရှားကြား ဆွေးနွေးပွဲကို ဘီလာရုနယ်စပ်အနီးတွင် တနင်္လာနေ့ နံနက်တွင် စတင်မည်ဟု TASS သတင်းဌာနက ဖော်ပြသည်။

ယူကရိန်း ရုရှားတိုက်ပွဲအရှိန်မြင့်တက်လာပြီးနောက် ယမန်နေ့ညပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏နျူကလီးယားတပ်ဖွဲ့များကို အထူးတပ်လှန့်သတိပေးထားသည်။

ယူကရိန်းသမ္မတ ဇလန်စကီ နှင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် က လာမည့် ၂၄ နာရီသည် ယူကရိန်းအတွက် အရေးကြီးသော ကာလတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းစစ်တပ်က တနင်္ဂနွေနေ့သည် ၎င်း၏တပ်များအတွက် ခက်ခဲသောအချိန် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် လမ်းကြောင်းအားလုံးနီးပါးတွင် ဆက်လက်ပစ်ခတ်နေခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့သည်။

ရုရှား၏ ကျူးကျော်မှုစတင်ချိန်ကတည်းက ကလေးငယ် ၁၄ ဦးအပါအဝင် အရပ်သား ၃၅၂ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Source – Aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။