Trending Now

အင်တာနက် ဖြတ်တောက်ခံထားရသည့် နန်းယွန်းမြို့တွင် ဖုန်းလိုင်းကြိုးများ ခုတ်ဖြတ်ခံထားရသည့်အတွက် ဆက်သွယ်မှု အခက်အခဲ ဖြစ်နေ

Spread the love

အင်တာနက် ဖြတ်တောက်ခံထားရသည့် နန်းယွန်းမြို့တွင် ဖုန်းလိုင်းကြိုးများ ခုတ်ဖြတ်ခံထားရသည့်အတွက် ဆက်သွယ်မှု အခက်အခဲ ဖြစ်နေ

EPN
မြစ်ကြီးနား၊ဩဂုတ် ၁၉

အင်တာနက်ဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသ နန်းယွန်းမြို့သို့ သွယ်တန်းထားသည့် ဖုန်းလိုင်းကြိုးအား သြဂုတ်လ ပထမပတ်အတွင်း ဓားဖြင့် ခုတ်ဖြတ်ထားမှုကြောင့် နန်းယွန်းမြို့အတွင်း ဖုန်းဆက်သွယ်မှုအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။

နန်းယွန်းမြို့မှာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် တည်ရှိသည့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော ဒေသတစ်ခုဖြစ်ပြီး ဖေဖဝါရီလအတွင်း အင်တာနက်(4G)ဖြတ်တောက်ခြင်းခံထားရသည့်အတွက်MPT ဖုန်းလိုင်းတစ်ခုတည်းကိုသာ မှီခိုအားထားနေရသည့် ဒေသတစ်ခုဖြစ်သည်။

ဖုန်းလိုင်းကြိုးအား အဖြတ်ခံရသည့်နေရာမှာ ရှင်ဗွေယန်-နန်းယွန်းလမ်းကြား ၂၁ မိုင်အနီးအထိ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ဖုန်းလိုင်းများဆက်သွယ်ရေးမရသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ပြီးခဲ့တဲ့ပတ်ကတည်းက ဖုန်းကလိုင်းပျောက်နေတာ၊အစ‌တော့လိုင်းဖြတ်ထားတယ်ပဲထင်ကြတာပေါ့ နောက်မှ လိုင်းရတဲ့နေရာသွားပြီး MPT Operator ကိုဆက်သွယ်ကြည့်မှ မဖြတ်ထားဘူးဆိုတာသိရတယ်၊အဲ့ဒါနဲ့ ကျွန်တော်တို့က ကြိုးတွေကိုလိုက်ပြီး စစ်တယ်ပြတ်တောက်မှုရှိမရှိပေါ့ ၊ မနေ့ကမှ ၂၁ မိုင်နားမှာ ဓားနဲ့ခုတ်ထားတာ သွားတွေ့တာ၊ဘယ်သူကခုတ်ထားလဲဆိုတာတော့မသိရဘူး၊ကြည့်ရသလောက်တော့ တောကောင်တွေ၊တောထွက်ပစ္စည်းတွေကိုရှာတဲ့သူတွေက ခုတ်ထားမိတာနေမှာ”ဟု ဒေသခံတစ်ဦးကပြောဆိုသည်။

ယင်းသို့ ဖုန်းလိုင်းပြတ်တောက်နေသည့်အတွက် ပြန်လည်ပြုပြင်နိုင်ရန် သက်ဆိုင်ရာ ကုမ္ပဏီမှ ယနေ့တွင် စတင်လုပ်ဆောင်လျက်ရှိကြောင်း ပြောဆိုထားသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။