Trending Now

ကချင်ပြည်နယ် လူမှုဖူလုံရေးထည့်ဝင်ထားသည့် အလုပ်ရှင်နှင့် အလုပ်သမားများကို အကျိုးခံစားခွင့် ပြန်လည်ထောက်ပံ့

Spread the love

ကချင်ပြည်နယ် လူမှုဖူလုံရေးထည့်ဝင်ထားသည့် အလုပ်ရှင်နှင့် အလုပ်သမားများကို အကျိုးခံစားခွင့် ပြန်လည်ထောက်ပံ့

 

EPN
မြစ်ကြီးနား၊ ဇူလိုင် ၃

ကချင်ပြည်နယ် အလုပ်ရှင်နှင့် အလုပ်သမား များက လူမှုဖူလုံရေးရုံးမှာ ထည့်ဝင်ထားသည့် ထည့်ဝင်ငွေမှ ၄၀ ရာခိုင်နုန်းကို ဇွန်လိုင်၃ရ က် နံနက် ၁၂ နာရီက ပြန်လည်ထောက်ပံ့ခဲ့ သည်။

အဆိုပါအခမ်းအနားတွင် ကချင်ပြည်နယ်အစိုး ရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဦးဇော်ဝင်းက သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ဒီ COVID 19ဖြစ်လာတာနဲ့တပြိုင်နက် ကျွန်တော်တို့ အလုပ်ရှင်နဲ့အလုပ်သမားကြားမှာ ကျွန်တော်တို့ပြဿနာတွေအများကြီးဖြစ်နေတယ်ဆိုတာလည်း ကျွန်တော်တို့ကြုံခဲ့ရကြောင်းတင်ပြလိုပါတယ် အလုပ်ရှင်နဲ့အလုပ်သမားဖြစ်လာပီဆိုရင်အလုပ်ရှင်လည်းပြည်သူဖြစ်တယ် အလုပ်သမားလည်းပြည်သူဖြစ်တယ်ဆိုတဲ့အခါမှာ ပြည်သူ့အစိုးရလို့ပြောထားတဲ့အတွက် ကျွန်တော်တို့ပြည်သူတွေအနေနဲ့ နားထောင်ပြီးဖြေရှင်းပေးရမယ်”ဟု ဝန်ကြီးဦးဇော်ဝင်းက ပြောသည်။

ယခု လူမှုဖူလုံးရေးရုံးမှ အကျိူး ခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ပြန်လည် ထုတ်ပေးထားသောဌာန (၂၂)ခုရှိပြီး အကျိုးခံစားခွင့်တောင်းခံထားသောဌာန (၆၂)ခုရှိကြောင်းလူမှုဖူလုံရေးရုံးမှ တာဝန်ခံ ဦးမိုးကျော်မြင့်က ပြောသည်။

ညီညီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။