Trending Now

မြစ်ကြီးနားမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် အားကစားပြိုင်ပွဲများကျင်းပ

Spread the love

မြစ်ကြီးနားမြို့တွင် (၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် အားကစားပြိုင်ပွဲများကျင်းပ

 

EPN

မြစ်ကြီးနား၊ နိုဝင်ဘာလ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် အားကစားပြိုင်ပွဲများကို ယနေ့ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၈)နာရီမှ စတင်ကာ ပြည်နယ် ပြည်သူ့ အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ပေးလျှက်ရှိကြောင်းသိရသည်။

အဆိုပါ အားကစားပြိုင်ပွဲနှင့်ပျော်ပွဲရွှင်ပွဲများကို နှစ်စဉ်ပြုလုပ်ပေးလျှက်ရှိရာ ယခုနှစ် (၁၀၂)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့တွင်လည်း အားကစားနည်း (၁၀)နည်း ဖြင့် ပြုလုပ်ပေးလျှက်ရှိကြောင်း ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အဓိက ရည်ရွယ်ချက်ကတော့ကျနော်တို့ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ လူငယ်တွေ ကျောင်းသူကျောင်းသားတွေ အနေနဲ့ အမျိုးသားနေ့ကို အမှတ်ရစေဖို့၊ ကျနော်တို့ အားကစားကဏ္ဍအနေနဲ့ ပါဝင်ပြီး ပျော်ပွဲရွှင်ပွဲတွေ ၊ ပြိုင်ပွဲလေးတွေကို ပြုလုပ်ပေးရခြင်းဖြစ်တယ်၊ ဒီနေ့ ပွဲမှာက အားကစားနည်း (၁၀)နည်း ထည့်သွင်း ထားတယ်၊ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ အားကစားပြိုင်ပွဲများမှာ မီတာ(၁၀၀)(၂၀၀)၄၀၀) အပြေးပြိုင်ပွဲတွေ၊ အားလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊သံပုရာဇွန်းကိုက်ပြိုင်ပွဲ၊ဇကောရွက်ပြိုင်ပွဲ၊ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ ကင်းမြီးကောက်ပြိုင်ပွဲ၊ မုန့်စား ပြိုင်ပွဲများ၊ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း အမျို့သားအောင်ပွဲနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲပြုလုပ်နေမှုမျာကို ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း မှ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ၊ မီတာ(၁၀၀) ကျား မ အပြေးပြိုပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ပေးခဲသည်။

အဆိုပါ (၁၀၂)ကြိမ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ဖြစ် အားကစားပြိုင်ပွဲများကို နံနက် (၈)နာရီမှ ညနေ (၅)နာရီ အထိ ပြုလုပ်ပေးသွားမည်ဖြစ်ကာလက်ရှိတွက် မြို့ပေါ်အသီးသီးရှိ စာသင်ကျောင်းမှ ကျောင်းသားကျောင်သူများ၊ လူငယ်များ စုစုပေါင်း လူဦးရေ (၅၀၀)ကျော် လာရောက်ယှဉ်ပြိုင်ကြကြောင်သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။