Trending Now

တစညပါတီမှ ရက် (၆၀) မပြည့်ခင် မှတ်ပုံတင်မည်

Spread the love

တစညပါတီမှ ရက် (၆၀) မပြည့်ခင် မှတ်ပုံတင်မည်

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃

တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို ရက်ပေါင်း (၆၀) မပြည်မီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားသွားမည်ဖြစ်ကြောင်း ယင်းပါတီ၏ CEC အဖွဲ့မှ သိရသည်။

“မှတ်ပုံပြန်တင်မှာပါ။ ကျွန်တော်တို့ လုပ်နေပါပြီ။ မှတ်ပုံတင်ပြီဆိုကတည်း ရွေးကောက်ပွဲ ဝင်ရမှာပေါ့၊ နောက် စ်ခုက မဲဆန္ဒနယ်အားလုံးရဲ့ တစ်ဝက်တောင် ဝင်ရမှာလေ။ အခက်အခဲကတော့ ဘာမှမရှိပါဘူး။ ရက် (၆၀) မပြည့်ခင် မှတ်ပုံတင်မယ်လို့တော့ ပြောလို့ရပါတယ်။” ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ CEC အဖွဲ့ ဝင် ဦးတင်အောင်က ပြောသည်။

မြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေ အမှတ် (၁၅/၂၀၂၃)ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည် ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက်အမှတ် (၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ၂၀၂၃ခုနစ် ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၉ရက်နေ့အထိ ပြည်ခိုင်ဖြိုးပါတီ၊ ဖယ်ဒရယ်ဒမီုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီနှင့် ပြည်ထောင်စုဒီမိုကရေစီပါတီတို့မှ နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လာရောက်လျှောက်ထားခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။