Trending Now

စီးပွားရေး ဖွံ့ဖြိုးတက်မှုနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးအကြားရှိ ပဋိပက္ခများကို အဖြေရှာခြင်း

Spread the love

စီးပွားရေး ဖွံ့ဖြိုးတက်မှုနှင့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးအကြားရှိ ပဋိပက္ခများကို အဖြေရှာခြင်း
EPN
ဆောင်းပါး၊ ဇွန် ၁၁
ဗိုလ်ကျရေးသားသည်။
ဒီနှစ်ကစ ပြည်တွင်းရှိ မီဒီယာများက မြစ်ဆုံစီမံကိန်းကို ထာဝရရပ်ဆိုင်းသွားမယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ရေးသားနေကြတာကို တွေ့ရပါတယ်။ ဒီလိုကန့်ကွက်ပြောဆိုကြတာဟာ ဧရာဝတီမြစ်က ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးဖြစ်လို့ မြန်မာပြည်သူများအနေနဲ့ ကိုယ့်မိခင်မြစ်ကြီးကို ထိန်းသိမ်းကာကွယ်တဲ့ ဆန္ဒရှိတယ်ဆိုတာဟာ မှားယွင်းတဲ့အချက်မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ မိခင်ဧရာဝတီမြစ်ကြီး၏ အခုတည်ရှိတဲ့ အခြေနေများကို သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လျှပ်စစ်မလုံလောက်လို့ မြစ်ညာဒေသဘက်မှာ မှီတင်းနေထိုင်တဲ့ ဒေသခံများက နေ့စဉ်စားသုံးရတဲ့ ထမင်းချက်ဖို့ မီးလုံလောက်စွာရရှိဖို့၊ မီးအလင်းရောင်ရရှိဖို့ဆိုရင် သစ်ပင်များကို ခုတ်ပြီး အသုံးပြု နေရပါတယ်။ ဒါ့အပြင် ပုံမှန်ငွေဝင် နည်းလမ်းမရှိလို့ သူတို့က သစ်ပင်ခုတ်ပြီး ထင်း၊ မီးသွေး အဖြစ်ရောင်း စားခြင်း တောင်ယာခုတ်ပြီးစိုက်ပျိုးခြင်း မြစ်ချောင်းတစ်လျှောက် ရွှေတူး ဖော်ခြင်းတွေ လုပ်ကိုင်ကြပါတယ်။
အဲဒီလို အထက်မှာဖေါ်ပြခဲ့တဲ့ အချက်တွေကြောင့် ဧရာဝတီမြစ်အထက်ပိုင်းရှိ သဘာဝသစ် တောအပါအဝင် အစရှိတဲ့ ရုက္ခပင်များနဲ့ မြစ်ကြောတွေဟာ ပျက်စီးခြင်းခံရပါတယ်။ မြစ်ညာ ဒေသရှိ သစ်တောများက ကျွန်တော်တို့ မိခင်မြစ်သွေးများကို ပျိုးထောင်တဲ့ တိုက်ဖြစ်တဲ့အပြင် မြစ်ကြောရဲ့ တည်ငြိမ်မှုဟာ မြစ်ရဲ့ ပင်မသွေးကြောကြီးဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ အမြတ်တနိုး တန်ဖိုးထားတဲ့ မိခင်ဧရာဝတီမြစ်ရဲ့ ကျန်းမာရေးကို အခုတ ကယ် ကျန်းမာသေးလား။ မြစ်ကြောတစ်လျှောက်မှာ ရှိတဲ့ မြစ်လက်သက်တွေကိုလည်း ဖြည့်တွေးရမှာ ဖြစ်ပါတယ်။ အခုမြစ်ကြီးဟာ မိုးသည်းထန်စွာ ရွာတဲ့ အချိန်ကြုံရင် တောင်တန်းတွေနဲ့ ဆင်ခြေလျှော တွေဟာ မြေပြိုမှုဖြစ်စဉ်တွေ ခံလိုက်ပါတယ်။
ရေကြီးရေ လျှံမှုတွေက တခြားနေရာဒေသအနှံ့ကို ပျံနှံသွားပါတယ်။ မိုးခေါင်ရေရှားတဲ့ အချိန် ရောက်ရင် မြစ်ချောင်းရေခမ်းခြောက်သွားတယ်။ လယ်ယာစိုက်ပျိုးများ နှစ်နာဆုံးရှုံးတဲ့အထဲ ရွှေတူးဖော်ခြင်းနဲ့ လူမှုနေထိုင်ရေး ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာသော အမှိုက်များက ဧရာဝတီ မြစ်ကြီးထဲသို့ စီးဝင်သွားပြီး မြစ်ညစ်ညမ်းခြင်း ခံစေတဲ့အခါ ကျနော်တို့ရဲ့ မိခင်မြစ်ကြီးဟာ လှပခန့် ညားတဲ့ အခြေအနေရှိသေးလားဆိုတာ ထည့်စဉ်းစားရမှာဖြစ်တယ်။
အခုခေတ်ကာလမှာ ကမ္ဘာပေါ်မှာရှိ အရှည်ဆုံးမြစ်ချောင်းရဲ့ရေဟာ သုံးပုံတစ်ပုံပဲ လွတ်လပ်စွာ စီးဆင်းနိုင်တယ်လို့ မီဒီယာတချို့က ရေးသားဖေါ်ပြချက်အရ သိရပါတယ်။ အဲလိုဖြစ်စဉ်မျိုးတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံများအတွင်း များစွာရှိပါတယ်လို့ သိကြပါတယ်။ လူသားတွေက ရေကာတာနဲ့ ရေကို တားဆီး ကာကွယ်ခြင်း၊ ဆည်မြောင်း တည်ဆောက်ခြင်း စတဲ့လုပ်ငန်းတွေဟာ ဟိုးယခင်ကတည်းက သက်တမ်းနှစ်ပေါင်းများစွာ ထောင်နဲ့ချီပြီးရှိပါတယ်။
တရုတ်နိုင်ငံရဲ့ တူးကျန်ရန့် အမည်ခံတဲ့ ဆည်မြောင်းစီမံကိန်းကနေ ရောမနိုင်ငံရ့ မြို့တွင်း ရေပေးသွင်းမှု လုပ်ငန်းစနစ်အထိ ဆည်မြောင်းနဲ့ ရေကာတာတည်ဆောက်ခြင်းဖြင့် ရေကြီးရေလျှံမှုကို ထိန်းသိမ်းကာကွယ်ခြင်းနဲ့ ရေအရင်းအမြစ်များ အသုံးပြုတဲ့ဆောင်ရွက်မှုများဟာ လူသားတွေက နှစ်ပေါင်းများစွာထောင်နဲ့ချီရှိတဲ့ ယဉ်ကျေးမှု ပါဝင်တဲ့ အစိတ်အပိုင်းဖြစ်ကြပါတယ်။
စက်မှုလုပ်ငန်း ဖြစ်ထွန်းတိုးတက်လာတဲ့ နောက်ပိုင်းမှာ အထူးသဖြင့် လျှပ်စစ်မီးကို တီထွင်ပြီးနောက် ရေနဲ့လျှပ်စစ်မီးကို ထုတ်လုပ်ခြင်းဟာ လူသားတွေကို ချမ်းမြေ့သာယာစေပါတယ်။ အဲဒါကလည်း လူသားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးမှာ ရှေ့တိုးစေတဲ့ အရေးကြီးသော လက္ခဏာရပ်တစ်ခုလည်း ဖြစ်ပါတယ်။
၂၀ရာစုနှစ် အစောပိုင်းကာလကို ကြည့်ရင် အကြီးစား ရေကာတာ ဆောက်လုပ်ခြင်းဟာ စီးပွားရေး ဖွံ့ဖြိုးတိုး တက်ရေးနဲ့ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးဟာ ပေါင်းစည်းဆက်နွယ်နေပါတယ်။ ၂၀ရာစု၊ နှစ်၃၀-၄၀ နှစ်ပိုင်းလောက်မှာ အမေရိကန်တစ်နိုင်ငံပဲ ဆောက်လုပ်ထားတဲ့ ရေကာတာအများစုက ၎င်းခေတ် သမ္မတအမည်နဲ့ရေကာတာကိုနာမည်ပေးတယ်လို့ရှိပါတယ်။ ဒါကြောင့် ၎င်းခေတ်တုန်းက နိုင်ငံတကာ ပြည်သူလူထုက အဲဒီ အကြီးစားရေကာတာကို တည်ဆောက်နိုင်ခြင်းကို ဂုဏ်ယူကြပြီး ရေကာတာကို လိုလိုလားလားရှိတဲ့ အခြေနေကို တွေ့မြင် ကြား သိရတာ အဆန်းမဟုတ်ပါဘူး။
ဘယ်နိုင်ငံမှာမဆို ရေကာတာ တည်ဆောက်ရေးဟာ ခေတ်မှီခြင်းရှိတာနဲ့ လူသားတွေက သဘာဝ အရင်းအမြစ်များကို မှန်ကန်စွာ အသုံးချနိုင်တဲ့ လက္ခဏာအဖြစ် များက သတ်မှတ်ထားကြပါတယ်။
၂၀ရာစုနှစ် ၇၀ပြည့်နှစ်တုန်းက ရေကာတာဆောက်လုပ်ရေးအခြေအနေက ထိပ်သည်းအထိ ရောက်ပြီး နိုင်ငံတကာ နေ့စဉ်တည်ဆောက်ပြီး လွှဲပြောင်းပေးအပ်အသုံးချတဲ့ ရေကာတာမှာလည်း ၂ခု၊ ၃ခု ရှိပါတယ်။ သက်ဆိုင်ရာဌာနရဲ့ စစ်တမ်းအရ ၂၀ရာစုနောက်ပိုင်းအထိ တစ်ကမ္ဘာလုံးရှိ နိုင်ငံ၂၄နိုင်ငံက အသုံးပြုတဲ့ နိုင်ငံ ထက်ဝက်ကျော် ရှိပါတယ်။
ဒါ့အပြင် ရေကာတာတည်ဆောက်ပြီး လယ်ယာမြေများကို ရေပေးသွင်းမှု လုပ်ငန်း ဆောက်ရွက်နေတဲ့ နိုင်ငံက တစ်ကမ္ဘာလုံးမှာ ၄၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ အဲဒါကြောင့် ရေကာတာဆောက်လုပ်ရေး၊ ရေအားလျှပ်စစ်ဆောက်လုပ်ရေးဟာ လူ့လောက ဖွံဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ အစိတ်အ ပိုင်းဖြစ်ကြောင်းကို မေးခွန်းထုတ်စရာလိုမယ်မထင်ပါဘူး။ အထူးသဖြင့် ယခု ရေသယံဇာတပဋိပက္ခ အရမ်း ထင်ရှား ပေါ်လွင်တဲ့အတွက်ကြောင့် ရေကာတာတည်ဆောက်ထားတဲ့ ရေသယံဇာတ အသုံးပြု နည်း တစ်ခုတည်းပဲမဟုတ်ပါဘူး။
ရေကြီးရေလျှံမှုကာကွယ်ခြင်း၊ ဆည်ရေပေးသွင်းခြင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ ခရီးသွာ လာရေး၊ ရေထွက်ပစ္စည်းမွေးမြူရေးကလွဲလို့ အဓိက သက်ရောက်မှုက ရေပေးသွင်းမှုနဲ့ ရေအား လျှပ်စစ်ထုတ်လုပ်မှုဖြစ်ပါတယ်။ ရေကာတာနဲ့ ရေလှောင်ပြီး ရေကြီးရေလျှံမှုကို ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင်အဖြစ် အသုံးပြုတဲ့ အရေးကြီးနည်းလမ်း တစ်ခုပါဝင်ပါတယ်။
၁၉၉၁ခုနှစ်က ဘရာဇီးနိုင်ငံရဲ့ ရေအားလျှပ်စစ် စက်တပ်ဆင်မှု ပမာဏစံချိန်ဟာ သိန်း ၄၆၀.၈ ကီလိုဝပ်နာရီဖြစ်ပါတယ်။ အဲဒီထဲမှာ ရေအားလျှပ်စစ်စက်တပ်ဆင်မှုပမာဏဟာ ၂၄၉၀ ဘီလီယံ ကီလိုဝပ်နာရီဖြစ်ပါတယ်။ ဘရာဇီး တစ်နိုင်ငံလုံး လျှပ်စစ်ထုတ်လုပ်ပမာဏရဲ့ ၉၅%ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံရဲ့ ရေအားလျှပ်စစ်တပ်ဆင်မှု ပမာဏသည် ကမ္ဘာမှာ စတုတ္ထ အများဆုံးဖြစ်ပါတယ်။ နှစ်စဉ် လျှပ်စစ်ထုတ် လုပ်မှုပမာဏဟာ ကမ္ဘာတွင် တတိယဖြစ်တာကို တွေ့ရှိရပါတယ်။ အထက်ပါ ဖော်ပြထားသော အချက်အလက်များအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံက မြစ်ချောင်းဆည်မြောင်းများ စီမံခန့် ခွဲခြင်းနှင့် အသုံးပြု ခြင်းအားဖြင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြား ပဋိပက္ခဖြေရှင်း နိုင်တာကို တွေ့ရပါတယ်။
ဒါပေမယ့် ဖွံဖြိုးဆဲနိုင်ငံအတွက် ရေဘေးအန္တရာယ် လျော့ချခြင်းနှင့် ရေအရင်းအမြစ်မလုံလောက်သော ပဋိပက္ခဟာ အလွန်ထင်ရှားပါတယ်။ နိုင်ငံတော်ရဲ့ ကန့်သက်ချက်ကြောင့် ဖွံ့ဖြိုးတိုးတက်ရန် နောက်ကျသော နိုင်ငံများဟာ မြစ်ချောင်းအင်းအိုင်များကို ကောင်းမွန်စွာ အသုံးအပြုနိုင်သောကြောင့် ရေးဘေးအန္တရာယ်ကာကွယ်ခြင်း၊ စိုက်ပျိုးရေးဆည်မြောင်းရေသွယ်ခြင်း၊ ရေပေးပို့ခြင်း၊ ရေခွဲဝေခြင်း စတဲ့ စွမ်းရည်ဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်ကို အပြည့်အဝမဖြည့်စွမ်းနိုင်ပါ။
ဖွံ့ဖြိုးပြီးနိုင်ငံရဲ့ အတွေ့အကြုံလေ့လာခြင်းအားဖြင့် ဗိုက်ဟောင်းလောင်းဖြင့် ပတ်ဝန်းကျင်ထိန်း သိမ်းမယ်လို့ ပြောပေမယ့် ကျွန်တော်တို့ လုပ်သင့်တာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ခြင်း နှစ်ခုကို ညီမျှစွာအသုံးပြုသင့်ပါတယ်။ အကယ်၍ လုံလောက်သော လျှပ်စစ်မီး မရှိလျှင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမဖြစ်နိုင်ပါ။ လူတွေက သဘာဝကို အမြဲမှီခိုအားကိုးလျှင် ပတ်ဝန်း ကျင် ထိခိုက်မှုများ ပိုမိုပြင်းထန်စေပါတယ်။
မြစ်ချောင်းများ လွှတ်လပ်စွာ စီးဆင်းစေခြင်းဟာ ကျွန်တော်တို့ လူသားတွေရဲ့ ဆန္ဒ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေးဦးစွာ လိုအပ်ချက်သည် ကျွန်တော်တို့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သော လျှပ်စစ်မီး လုံလောက်စွာရရှိပြီး ကျွန်တော်တို့ အဆက်မပြတ် ပတ်ဝန်းကျင်ကို မဖျက်ဆီးဘဲ၊ ကျွန်တော်တို့ နည်းပညာနှင့် ငွေကြေးများကို အသုံးပြုပြီး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဖြင့် နောက်ဆုံး လူမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို တူညီလျော်စွာ ဖွံ့ဖြိုး တိုးတက်စေပါတယ်။
ဒါကြောင့် အကြောင်းအရာ အားလုံးကို စိတ်တည်ငြိမ်စွာ စဉ်းစားကြဖို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ ရဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည် ပြောကြားတဲ့အတိုင်း မြစ်ဆုံစီမံကိန်းနှင့် ပက်သက်ရင် လူထုမှ အမြင်ကျယ်ကျယ်ဖြင့် မြင်တတ်စေရန်၊ ရှုထောင့်မျိုးစုံမှမြင်တတ်ရန် ပြောကြား တာရှိပါတယ်။ ဒါကိုလည်း လူထုအနေနဲ့ သေချာစဉ်းစားဆုံးဖြတ်ပြီး လိုက်နာသင့်ပါတယ်။
ကျွန်တော်တို့သည် ဖွံ့ဖြိုးတိုးတက်ပြီး ဆင်းရဲ ခေတ်နောက်ကျနေတဲ့ ကံကြမ္မာကိုစွန့်လွှတ်ရမယ်။
နိုင်ငံကြီး လွန်ဆွဲကြားက မြေစာပင်မဖြစ်သင့်ပါ။ ဦးမော့၍ ကျွန်တော်တို့ မျက်မြင်ရူပါရုံကို ဖွံ့ဖြိုးပြီး နိုင်ငံသို့ မြင်၊ တရုတ်နိုင်ငံသို့ မြင်၊ သူတို့နိုင်ငံမှ အတွေ့အကြုံများ သင်ယူပြီး ပြောင်းလဲနေတဲ့ သိပံ္ပနည်း ပညာဖြင့် သယံဇာတ ထုတ်ဖော်အသုံးပြုမယ်။
ဧရာဝတီမြစ်ကြီးကို ကောင်းမွန်စွာအသုံးပြုပြီး တစ်ဘက်မှလည်း သန့်ရှင်းသော ဈေးသက်သာသော လျှပ်စစ်မီး အသုံးပြု၊ တစ်ချိန်တည်းမှာ နိုင်ငံတော်ရဲ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း တွန်းအား ပေးခြင်းဖြစ်သလို ခေတ်မီတဲ့ သိပံ္ပနည်းပညာဖြင့် ကျွန်တော်တို့ မိခင်ဧရာဝတီမြစ်ကြီး စောင့်ရှောက်ကြ ပါစို့။
ဗို်လ်ကျ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။