Trending Now

အီဂျစ်တွင် နှစ်ပါင်း ၂၅၀၀ ကျော်သက်တမ်းရှိ မံမီရုပ်တုပေါင်း ၂၅၀ ကို ထပ်မံ တူးဖော်တွေ့ရှိ

Spread the love

အီဂျစ်တွင် နှစ်ပါင်း ၂၅၀၀ ကျော်သက်တမ်းရှိ မံမီရုပ်တုပေါင်း ၂၅၀ ကို ထပ်မံ တူးဖော်တွေ့ရှိ

EPN
နိုင်ငံတကာ၊ ဇွန် ၁

အီဂျစ်နိုင်ငံ နီခရိုပိုလစ် ရှေးဟောင်းသင်္ချိုင်းကနေ နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိ မံမီရုပ်တုပေါင်း ၂၅၀ နဲ့ ရှေးဟောင်း ကြေးရုပ်တုတွေကို ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ အီဂျစ်အာဏာပိုင်တွေက မေလ ၃၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်း မံမီ ခေါင်းတလား ၂၅၀၊ အီဂျစ်နတ်ဘုရားတွေကို သရုပ်ဖော်ထားတဲ့ ကြေးရုပ်တု ၁၅၀ အပြင် ဖာရိုဘုရင် အသုံးပြုခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်သက်တမ်းရှိ အသုံးအဆောင်ပစ္စည်းတွေကို ပြတိုက်ကို မရွှေ့ပြောင်းမီ အချိန်အထိ ထုတ်ဖော်ပြသထားမယ်လို့ အီဂျစ်အာဏာပိုင်တွေက ဆိုပါတယ်။

အဲ့ဒီ တူးဖော်တွေ့ရှိခဲ့တဲ့ နီခရိုပိုလစ် ရှေးဟောင်း မံမီရုပ်တု တွေနဲ့ ရှေးဟောင်းပစ္စည်းအများအပြားကို အီဂျစ်နိုင်ငံ အနောက်မြောက်ဘက်ရှိ Joser Step ပရစ်မစ် မှာ အဏာပိုင်တွေက ပြပွဲပြုလုပ်ပြီး ထုတ်ဖော်ပြသထားပါတယ်။

နီခရိုပိုလစ် တူးဖော်မှုအတွင်း ဘီစီ ၅၀၀ ခန့်က ရှေးအီဂျစ်ခေတ်နှောင်းပိုင်းခေတ် ထုံးတမ်းစဉ်လာများအတွက် အသုံးပြုတဲ့ ကြေးရုပ်တုတွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ တူးဖော်မှုကို ဦးဆောင်ခဲ့တဲ့ ပညာရှင် Waziri က ပြောကြားခဲ့ပါတယ်။

တူးဖော်တွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို ကိုင်ရိုမြို့မှာရှိတဲ့ “Grand Egypt” ရှေးဟောင်းပစ္စည်းပြတိုက်အသစ် မှာ အမြဲတမ်းထုတ်ဖော် ပြသထားမယ်လို့ ဆိုပါတယ်။

Source – WTP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။