Trending Now

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် ဒေါ်ကဉ္စနာ ပျံလွန်တော်မှု

Spread the love

ပါမောက္ခချုပ်ဆရာတော်ကြီး၏ အစ်မတော် ဒေါ်ကဉ္စနာ ပျံလွန်တော်မှု

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၅

ရဟန်းရှင်လူ ပြည်သူလေးစားရသည့် ပါမောက္ခချုပ်ဆရာတော်ကြီး၏ အမတော်ဖြစ်သည့် စစ်ကိုင်းမြို့၊ကဉ္စနာရာမချောင်တွင် နေထိုင်တော်မူသည့် သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် အောက်တိုဘာ ၅ ရက်(ယနေ့)နံနက် ၅ နာရီ ၅ မိနစ်က ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

သီလရှင်ဆရာကြီးဒေါ်ကဉ္စနာ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို လာမည့်အောက်တိုဘာ ၇ ရက်နေ့ တွင် စစ်ကိုင်းမြို့ ရွှေသမားရပ်၊ရွှေသမားရွှေရိပ်သာသုဿာန်တွင် မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလရှင်ဆရာကြီးဒေါ်ကဉ္စနာသည် မိသားစု စာရင်းတွင် ၄ ယောက် မြောက်ဖြစ်ပြီး အကို ၃ ယောက်တို့၏ နှမ၊ မောင် ၅ ယောက်တို့၏ အမဖြစ်သည်။

သီလရှင်ဆရာကြီးဒေါ်ကဉ္စနာကို မန္တလေးတိုင်း စဉ့်ကူးမြို့နယ်၊ ညောပင်ကျေးရွာတွင် မြန်မာသက္ကရာဇ် ၁၂၈၉-ခုနှစ် ဝါဆိုလပြည့်ကျော် ၅ရက် တနင်္လာနေ့ နံနက် ၅-နာရီအချိန် တွင်ဖွားမြင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် သက်တော် (၉၇)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။