Trending Now

PDF အဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ထားဝယ်နည်းပညာ တက္ကသိုလ်မှ ဒု-ပါမောက္ခချုပ် အပါအဝင် ၃ ဦးကို ကယ်ဆယ်လျက်ရှိ

Spread the love

PDF အဖွဲ့ဝင်များ ဖမ်းဆီးသွားသည့် ထားဝယ်နည်းပညာ တက္ကသိုလ်မှ ဒု-ပါမောက္ခချုပ် အပါအဝင် ၃ ဦးကို ကယ်ဆယ်လျက်ရှိ

EPN
ထားဝယ်၊ ဖေဖော်ဝါရီ ၂၉ (၂၀၂၄)

PDF အဖွဲ့ဝင်များ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည့် ထားဝယ်နည်းပညာ တက္ကသိုလ်မှ ဒု-ပါမောက္ခချုပ်အပါအဝင် ၃ ဦးကို လုံခြုံရေးအဖွဲ့ဝင်များက လိုက်လံကယ်ဆယ်လျက်ရှိကြောင်း နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၁၁ နာရီခန့်က PDF အဖွဲ့ဝင်များသည် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး၌ လုံခြုံရေးအဖွဲ့ဝင်များအား လက်နက်ကြီး၊ သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီး PDF အဖွဲ့ဝင်များသည် ဘုရားမဲကျေးရွာတောင်ဘက်သို့ ထွက်ပြေးသွားခဲ့ပြီးနောက် နည်းပညာတက္ကသိုလ် (ထားဝယ်)အတွင်း ဝင်ရောက်ကာ ဒု-ပါမောက္ခချုပ် ဒေါက်တာ ကျော်အောင် အပါအဝင် (၃)ဦးကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များက PDF အဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒု-ပါမောက္ခချုပ် အပါအဝင် (၃)ဦးကို ဘေးအန္တရာယ်ကင်းစွာ အမြန်ဆုံးကယ်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း PDF အဖွဲ့ဝင်များသည် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်ရှိ ဆရာ၊ဆရာမများ၊ ကျောင်းသား/ သူများနှင့်ဝန်ထမ်းများအား ဖမ်းဆီးထားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ကယ်ဆယ်ခဲ့ရာ (၂၈၅)ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။