Trending Now

ယူကရိန်းနိုင်ငံအတွင်းရှိ အယ်လ်ဘေးနီးယားနိုင်ငံသားများကို အမြန်ထွက်ခွာရန် တိုက်တွန်း

Spread the love

ယူကရိန်းနိုင်ငံအတွင်းရှိ အယ်လ်ဘေးနီးယားနိုင်ငံသားများကို အမြန်ထွက်ခွာရန် တိုက်တွန်း

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၃

ယူကရိန်းနိုင်ငံ နယ်စပ်အနီး တင်းမာမှုများ အရှိန်မြင့်တက်နေချိန်တွင် အယ်လ်ဘေးနီးယား နိုင်ငံသားများအား ယူကရိန်းမှ အမြန်ဆုံး ထွက်ခွာကြရန် အယ်လ်ဘေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က တောင်းဆိုလိုက်သည်။

“အယ်လ်ဘေးနီးယားနိုင်ငံသားတွေအနေနဲ့ MEFA ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကနေတစ်ဆင့် သတင်းအချက်အလက် ရယူဖို့ အကြံပြုထားပါတယ်” ဟု ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၂ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အယ်လ်ဘေးနီးယားနိုင်ငံသားများကိုလည်း အန္တရာယ်ကြုံတွေ့နိုင်ခြေများ မြင့်တက်နေသဖြင့် ယူကရိန်းနိုင်ငံသို့ ခရီးသွားရောက်ခြင်းမပြုကြရန် ဝန်ကြီးဌာနက အကြံပြုထားသည်။

အယ်လ်ဘေးနီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင် ယူကရိန်းရှိ အယ်လ်ဘေးနီးယား နိုင်ငံသား အရေအတွက် အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

ရုရှား-ယူကရိန်း အရေးတင်မှာမှုများ မြှင့်တက်လာပြီးနောက် ဗြိတိန်နှင့် အမေရိကန် အပါအဝင် အနောက်ဥရောပ နိုင်ငံများကလည်း ၎င်းတို့ နိုင်ငံသားများကို ယူကရိန်းနိုင်ငံမှ အမြန်ထွက်ခွာရန် အသိပေးကြေညာထားသည်။

— ကိုးကား —
Xinhua
Ref; Albania calls on nationals to leave Ukraine soon


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။