Trending Now

လမ္းႀကိဳ လမ္းၾကား အမိႈက္သိမ္းစံနစ္ကို ကန္ထရိုက္ေပးရန္လိုဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မွဆို

Spread the love

လမ္းႀကိဳ လမ္းၾကား အမိႈက္သိမ္းစံနစ္ကို ကန္ထရိုက္ေပးရန္လိုဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မွဆို

EPN
မိုးေကာင္း၊ မတ္လ ၂၃

“အမိႈက္ျပႆနာေျဖရွင္းဖို႔ဆိုရင္ စည္ပင္အမိႈက္သိမ္းကားေတြဝင္ဖို႔မလြယ္တဲ့ လမ္းႀကိဳလမ္းၾကားေတြမွာအမႈိက္သိမ္းစံနစ္ကို ကန္ထရိုက္ေပးဖို႔လိုပါတယ္။ အိမ္ေတြမွာလည္းအိမ္ဝင္းထရံမွာအမိႈက္အိပ္ေလးေတြခ်ိတ္ထားရင္ လမ္းသြားလမ္းလာေတြအေနနဲ႔က အမိႈက္ျပစ္စရာရွိရင္အမိႈက္အိပ္ထဲထည့္သြားပါမယ္။ ဒါမွသာလမ္းႀကိဳလမ္းၾကားေတြလည္းအမိႈက္ကင္းစင္မွာျဖစ္ပါတယ္”ဟု အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာခင္မႀကီးမွ ယေန႔အမိႈက္ေကာက္ေနစဥ္ေျပာၾကားခဲ့သည္။


ကခ်င္ျပည္နယ္မိုးေကာင္းၿမိဳ႕တြင္ မတ္လ၂၃ရက္နံနက္၇နာရီခြဲအခ်ိန္က အေရွ႕ရပ္ေအာက္ခ်ိဳင့္ႏွင့္မိုးေကာင္းတံတားပတ္ဝန္းက်င္၌ အပတ္စဥ္ စေနေန႔  ၿမိဳ႕သန္႔ရွင္းသာယာလွပေရးအတြက္ ဌာနေပါင္းစံုစုေပါင္း၍အမိႈက္ေကာက္ခဲ့ၾကသည္။

“က်မတို႔ လူထုေခါင္းေဆာင္က အမိႈက္ေကာက္ၾကပါ အမိႈက္ေကာက္ၾကပါလို႔ေျပာေနတာကအမိႈက္ေကာက္ရံုတင္မဟုတ္ဘဲ ငါတို႔ဒီလိုျပစ္ခဲ့လို႔ဒီလိုေကာက္ရတာပါလားဆိုတဲ့အသိစိတ္ဝင္ေအာင္ အုပ္ခ်ဳပ္သူေတြအေနနဲ႔လည္းအမိႈက္သိမ္းစံနစ္ကိုဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတာစီမံခန္႔ခြဲႏိုင္ေအာင္ေကာက္ခိုင္းေနျခင္းျဖစ္ပါတယ္။အမိႈက္ျပစ္တဲ့သူကလည္းစည္းကမ္းတစ္က်ျပစ္မယ္ စည္ပင္သာယာကလည္းတာဝန္သိသိသိမ္းမယ္ဆိုရင္ အမိႈက္ကင္းစင္လာမယ္။ အခုအဓိကျဖစ္ေနတဲ့ျပႆနာကအမိႈက္ျပစ္ဖို႔ေနရာမရွိတာဘဲ။ ဒါကိုအုပ္ခ်ဳပ္ေရးအဖြဲ႕အေနနဲ႔ အမိႈက္ကိုေတြ႕ရာေနရာျပစ္တာမျဖစ္ေအာင္စီမံခန္႔ခြဲဖို႔လိုပါတယ္ ဒီလိုမွမဟုတ္ဘဲ အပတ္စဥ္အမိႈက္ေကာက္ေနလဲ အမိႈက္ျပႆ     နာကေလ်ာ့နည္းသြားမယ္မဟုတ္ပါဘူး”ဟုအမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာခင္မႀကီးမွဆက္၍ဆိုသည္။
မိုးေကာင္းၿမိဳ႕တြင္ အမိႈက္ေကာက္ျခင္းကိုအပတ္စဥ္ စေနေန႔တိုင္းဌာနေပါင္းစံုမွစုေပါင္း၍ တစ္ရပ္ကြက္တစ္ႀကိမ္အလွည့္က်ေဆာင္ရြက္လ်က္ရွိသည္။

“ဆရာမႀကီးေပးတဲ့အႀကံကိုက်ေနာ္တို႔ျပန္ၿပီးအစည္းအေဝးထိုင္ရပါမယ္။ ဘာလို႔လဲဆိုေတာ့စည္ပင္ခြန္မွာအမိႈက္ခြန္ကပါၿပီးျဖစ္ေနပါတယ္ လက္ရွိမွာအမိႈက္ကားႏွစ္စီးနဲ႔ၿမိဳ႕ေပၚ(၁၀)ရပ္ကြက္မွာသိမ္းဆည္းေပးေနၿပီး ျပည္နယ္အစိုးရအစီအစဥ္နဲ႔အမိႈက္သိမ္းယာဥ္တစ္စီးၿမိဳ႕နယ္အတြက္ထပ္မံရရွိမွာျဖစ္လို႔ အဲ့ဒီအခါက်ရင္ေတာ့အမိႈက္သိမ္းလမ္းေၾကာင္းကိုထပ္မံတိုးခ်ဲ႕ဖို႔ရွိပါတယ္”ဟု စည္ပင္ေကာ္မတီဥကၠဌဦးတင္လင္းမွရွင္းျပသည္။

အဆိုပါစုေပါင္း၍အမိႈက္ေကာက္ျခင္းကို အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာခင္မႀကီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴ းဦးရန္ႏိုင္ထြန္း ၿမိဳ႕နယ္စည္ပင္ေကာ္မတီဥကၠဌဦးတင္လင္းဦးေဆာင္ေသာ အေထြေထြအုပ္ခ်ဳပ္ေရးဝန္ထမ္းမ်ား စည္ပင္သာယာေရးဝန္ထမ္းမ်ား သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ား ၾကက္ေျခနီတပ္ဖြဲ႕ဝင္မ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္မ်ား အင္အား(၁၂၀)ဦးခန္႔စုေပါင္း၍အမိႈက္ေကာက္ၾကေၾကာင္းသိရသည္။

ခ်ိဳေမာင္
———————————–

လမ်းကြို လမ်းကြား အမှိုက်သိမ်းစံနစ်ကို ကန်ထရိုက်ပေးရန်လိုဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှဆို

EPN
မိုးကောင်း၊ မတ်လ ၂၃

“အမှိုက်ပြဿနာဖြေရှင်းဖို့ဆိုရင် စည်ပင်အမှိုက်သိမ်းကားတွေဝင်ဖို့မလွယ်တဲ့ လမ်းကြိုလမ်းကြားတွေမှာအမှိုက်သိမ်းစံနစ်ကို ကန်ထရိုက်ပေးဖို့လိုပါတယ်။ အိမ်တွေမှာလည်းအိမ်ဝင်းထရံမှာအမှိုက်အိပ်လေးတွေချိတ်ထားရင် လမ်းသွားလမ်းလာတွေအနေနဲ့က အမှိုက်ပြစ်စရာရှိရင်အမှိုက်အိပ်ထဲထည့်သွားပါမယ်။ ဒါမှသာလမ်းကြိုလမ်းကြားတွေလည်းအမှိုက်ကင်းစင်မှာဖြစ်ပါတယ်”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မကြီးမှ ယနေ့အမှိုက်ကောက်နေစဉ်ပြောကြားခဲ့သည်။

ကချင်ပြည်နယ်မိုးကောင်းမြို့တွင် မတ်လ၂၃ရက်နံနက်၇နာရီခွဲအချိန်က အရှေ့ရပ်အောက်ချိုင့်နှင့်မိုးကောင်းတံတားပတ်ဝန်းကျင်၌ အပတ်စဉ် စနေနေ့  မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနပေါင်းစုံစုပေါင်း၍အမှိုက်ကောက်ခဲ့ကြသည်။

“ကျမတို့ လူထုခေါင်းဆောင်က အမှိုက်ကောက်ကြပါ အမှိုက်ကောက်ကြပါလို့ပြောနေတာကအမှိုက်ကောက်ရုံတင်မဟုတ်ဘဲ ငါတို့ဒီလိုပြစ်ခဲ့လို့ဒီလိုကောက်ရတာပါလားဆိုတဲ့အသိစိတ်ဝင်အောင် အုပ်ချုပ်သူတွေအနေနဲ့လည်းအမှိုက်သိမ်းစံနစ်ကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာစီမံခန့်ခွဲနိုင်အောင်ကောက်ခိုင်းနေခြင်းဖြစ်ပါတယ်။အမှိုက်ပြစ်တဲ့သူကလည်းစည်းကမ်းတစ်ကျပြစ်မယ် စည်ပင်သာယာကလည်းတာဝန်သိသိသိမ်းမယ်ဆိုရင် အမှိုက်ကင်းစင်လာမယ်။ အခုအဓိကဖြစ်နေတဲ့ပြဿနာကအမှိုက်ပြစ်ဖို့နေရာမရှိတာဘဲ။ ဒါကိုအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမှိုက်ကိုတွေ့ရာနေရာပြစ်တာမဖြစ်အောင်စီမံခန့်ခွဲဖို့လိုပါတယ် ဒီလိုမှမဟုတ်ဘဲ အပတ်စဉ်အမှိုက်ကောက်နေလဲ အမှိုက်ပြဿ     နာကလျော့နည်းသွားမယ်မဟုတ်ပါဘူး”ဟုအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မကြီးမှဆက်၍ဆိုသည်။
မိုးကောင်းမြို့တွင် အမှိုက်ကောက်ခြင်းကိုအပတ်စဉ် စနေနေ့တိုင်းဌာနပေါင်းစုံမှစုပေါင်း၍ တစ်ရပ်ကွက်တစ်ကြိမ်အလှည့်ကျဆောင်ရွက်လျက်ရှိသည်။

“ဆရာမကြီးပေးတဲ့အကြံကိုကျနော်တို့ပြန်ပြီးအစည်းအဝေးထိုင်ရပါမယ်။ ဘာလို့လဲဆိုတော့စည်ပင်ခွန်မှာအမှိုက်ခွန်ကပါပြီးဖြစ်နေပါတယ် လက်ရှိမှာအမှိုက်ကားနှစ်စီးနဲ့မြို့ပေါ်(၁၀)ရပ်ကွက်မှာသိမ်းဆည်းပေးနေပြီး ပြည်နယ်အစိုးရအစီအစဉ်နဲ့အမှိုက်သိမ်းယာဉ်တစ်စီးမြို့နယ်အတွက်ထပ်မံရရှိမှာဖြစ်လို့ အဲ့ဒီအခါကျရင်တော့အမှိုက်သိမ်းလမ်းကြောင်းကိုထပ်မံတိုးချဲ့ဖို့ရှိပါတယ်”ဟု စည်ပင်ကော်မတီဥက္ကဌဦးတင်လင်းမှရှင်းပြသည်။

အဆိုပါစုပေါင်း၍အမှိုက်ကောက်ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မကြီး မြို့နယ်အုပ်ချုပ်ရေးမှူ းဦးရန်နိုင်ထွန်း မြို့နယ်စည်ပင်ကော်မတီဥက္ကဌဦးတင်လင်းဦးဆောင်သော အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ စည်ပင်သာယာရေးဝန်ထမ်းများ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ အင်အား(၁၂၀)ဦးခန့်စုပေါင်း၍အမှိုက်ကောက်ကြကြောင်းသိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။