Trending Now

လူမှုကွန်ရက်ကို လွှမ်းမိုးလာတဲ့ AI ဓာတ်ပုံတုများ

Spread the love

လူမှုကွန်ရက်ကို လွှမ်းမိုးလာတဲ့ AI ဓာတ်ပုံတုများ

EPN
နိုင်ငံတကာ၊ မတ် ၂၉

ဉာဏ်ရည်တု-စွမ်းအင်သုံး (AI) ရုပ်ပုံထုတ်လုပ်ရေး ဆော့ဖ်ဝဲလ် တွေကြောင့် Twitter၊ Facebook နဲ့ TikTok ကဲ့သို့သော ပလပ်ဖောင်တွေမှာ ဓာတ်ပုံတုတွေ ပျံ့နှံ့လာပါတယ်။

မတ်လ ၂၂ ရက်နေ့က ပြစ်သစ်သမ္မတ မက်ခရွန်းတစ်ယောက် ဆန္ဒပြသူတွေကြားမှာ ပြေးလွားနေရတဲ့ ဓာတ်ပုံတစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ကြည့်ရှုမှုအကြိမ်ရေ ၃ သန်းကျော်ရှိခဲ့တဲ့ အဲဒီပုံဟာ ဓာတ်ပုံတုတစ်ခုဖြစ်ပြီး AI တွေရဲ့ တိုးတက်မှုကို မသိတဲ့လူတွေကတော့ ဓာတ်ပုံကို အစစ်လို့ထင်ပြီး အများအပြား မျှဝေခဲ့ကြပါတယ်။

အလားတူ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့် ကို ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့က ဖမ်းဆီးနေတဲ့ ဓာတ်ပုံဟာလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။ ဒီဓာတ်ပုံကို Midjourney ဆိုတဲ့ AI ဆော့ဖ်ဝဲလ် က ရေးဆွဲထားတာဖြစ်ပါတယ်။

ဒီလိုဓာတ်ပုံတုတွေကို ဓာတ်ပုံပြုပြင်တဲ့ ဆောဖ်ဝဲလ်နဲ့ လူကိုယ်တိုင် ပြုလုပ်ဖို့ အချိန် မိနစ်သုံးဆယ် ဒါမှမဟုတ် ၁ နာရီကျော်ကြာမြင့်ပေမယ့် Midjourney မှာဆိုရင်တော့ စက္ကန့်ပိုင်းအတွင်းမှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Midjourney နဲ့ ChatGPT တို့လို မျိုးဆက်သစ် AI ကိရိယာတွေ ထွန်းကားလာတာနဲ့အမျှ တိုးတက်မှုတွေရှိလာသလို သတင်းတု တွေကိုလည်း ပိုင်းခြားသိမြင်ဖို့အတွက် လူတွေအတွက် ပိုမိုခက်ခဲလာမှာဖြစ်ပါတယ်။

Ref; cna
photo – FAKE

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။