Trending Now

ရာသီဥတုဖောက်ပြန်မှုများကြောင့် အနာဂါတ်တွင် အပူလှိုင်းများ ပိုမိုဖြစ်ပွားလာမည်

Spread the love

ရာသီဥတုဖောက်ပြန်မှုများကြောင့် အနာဂါတ်တွင် အပူလှိုင်းများ ပိုမိုဖြစ်ပွားလာမည်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၆

လာမည့်ဆယ်စုနှစ်များအတွင်း ရာသီဥတုဖောက်ပြန်မှု ပိုမိုဆိုးရွားလာသည်နှင့်အမျှ ကမ္ဘာတစ်ဝှမ်းတွင် ကြောက်မက်ဖွယ်ရာ အပူလှိုင်းဖြစ်ပွားမှု သုံးဆအထိမြင့်တက်လာနိုင်ပြီး အလွန်အန္တရာယ်ရှိသည့် အခြေအနေများကို ရင်ဆိုင်ရမည်ဟု လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

ရာသီဥတုဖောက်ပြန်မှုများကြောင့် ၂၀၅၀ ခုနှစ်မှ ၂၁၀၀ ခုနှစ်အတွင်း ကမ္ဘာ့တစ်ဝှမ်းတွင် အပူအညွှန်းကိန်း ၁၂၄ ဒီဂရီစင်တီဂရိတ် (၅၁ ဒီဂရီစင်တီဂရိတ်)အထိရှိသည့် အပူချိန်ကို တစ်နှစ်လျင် အကြိမ် ၂၀ မှ ၅၀ အထိ ခံစားရနိုင်ပြီး လူသားများသည် အပူဒဏ်နှင့် လိုက်လျောညီထွေစွာ မနေနိုင်သောကြောင့် ပို၍ဒုက္ခရောက်ကြလိမ့်မည်ဟု ခန့်မှန်းထားသည်။

၂၀၀၃ ခုနှစ်တွင် ဥရောပ၌ဖြစ်ပွားခဲ့သည့် အပူလှိုင်းကြောင့် လူပေါင်း ၇၀,၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ခန့်မှန်းရပြီး ယခုနှစ်တွင်လည်း ဥရောပ၊ တရုတ်၊ အနောက်မြောက် အမေရိက၊ အိန္ဒိယ၊ အလယ်ပိုင်း အမေရိက၊ ယူကေ၊ ဆိုက်ဘေးရီးယား အလယ်ပိုင်းနဲ့ နယူးအင်္ဂလန်တို့မှာ ပြင်းထန်သည့် အပူလှိုင်းများ ဖြစ်ပွားလျက်ရှိသည်။

ဟားဗတ်ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် Lucas Zeppetello က “ဒါက ကြောက်စရာကောင်းတဲ့ကိစ္စပဲ၊ သန်းပေါင်းများစွာသော လူတွေဟာ အလွန်အန္တရာယ်များတဲ့ အပူဒဏ်ကို ခံစားရနိုင်ပါတယ်။ ဒီတော့ အရင်က မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့ အပူချိန်ဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပျက်နေတာကို ကြုံတွေ့လာနိုင်ပါတယ်။” ဟု ပြောသည်။

အဆိုပါ အပူလှိုင်းဖြစ်စဉ်များသည် ရာစုနှစ်များစွာတွင် ဖြစ်ပွားလေ့ရှိကြောင်း အမေရိကန် အမျိုးသားမိုးလေဝသဌာနက ၁၉၇၉ မှ ၁၉၉၈ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းတွင် မကြာခဏ ဖြစ်ပွားခဲ့သည့် အပူလှိုင်းများကို ကိုးကားဖော်ပြခဲ့သည်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။