Trending Now

မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသားသုံးဦးထံမှ ငွေကျပ် ၂ ဒဿမ ၉၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

Spread the love

မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသားသုံးဦးထံမှ ငွေကျပ် ၂ ဒဿမ ၉၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီးတွင် အမျိုးသားသုံးဦးထံမှ ငွေကျပ် ၂ ဒဿမ ၉၅ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို ဩဂုတ်လ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂ လမ်းနှင့် ၁၁၁ စီလမ်း ထောင့်ရှိ ဇော်မိုးလွင် (ခ) လာရွတ်ဆန်ငှာ ၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ နေအိမ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၁၂၀ ဂရမ်နှင့် တရားမဝင်သိုလှောင်ထားသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲအချိန် သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများပိုင်ရှင် အောင်သူအား ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၉) ရှိ ၎င်း၏ နေအိမ်တွင် လည်းကောင်း၊ သတင်းကွင်းဆက်အရ ညနေ ၄ နာရီခွဲအချိန် ချမ်းအေးသာစံမြို့နယ်၊ စိတ္တရမဟီရပ်ကွက်၊ ၇၆ လမ်းနှင့် ၂၇ အေ လမ်းထောင့်ရှိ နန္ဒကို (ခ) နန္ဒ ၏ နေအိမ်ကိုရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒဿမ ၆၁၂ သိန်း၊ ဘိန်းဖြူ ၂၇၀ ဂရမ်နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒဿမ ၉၅ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၄၇ ကီလို၊ ဘိန်းဖြူ ၃၉၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒဿမ ၆၁၂ သိန်းနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ တန် သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ ကွင်းဆက်ပြစ်မှုကျူးလွန်သူသုံးဦးအား စုံစမ်းဖော်ထုတ်လျက်ရှိပြီး၊ အမှုတွင် ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုးအမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည် ဖြစ်ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအဖွဲ့မှ သိရသည်။

ထက်ထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။