Trending Now

ချက်သမ္မတနိုင်ငံက အမေရိကန် F-35 တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူ

Spread the love

ချက်သမ္မတနိုင်ငံက အမေရိကန် F-35 တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူ

EPN
နိုင်ငံတကာ၊ စက်တင်ဘာ

ချက်သမ္မတနိုင်ငံက အမေရိကန် F-35 တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူရန် အစီအစဉ်ကို အစိုးရက အတည်ပြုခဲ့ကြောင်း စက်တင်ဘာ ၂၇ ရက်နေ့က ကြေညာခဲ့ပါတယ်။

ချက်သမ္မတနိုင်ငံသမိုင်းမှာ ဈေးအကြီးဆုံးဝယ်ယူမှုတစ်ခုအဖြစ် တိုက်လေယာဉ်ဝယ်ယူဖို့အတွက် စုစုပေါင်း ချက်သရဖူ ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈ ဘီလီယံ) ကို နိုင်ငံတော်က ပေးဆောင်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လက်ရှိအချိန်မှာ ဆွီဒင်နိုင်ငံက Gripen ၁၄ စင်းကို ငှားရမ်းအသုံးပြုနေပေမယ့် အဆိုပါငှားရမ်းမှုဟာ ၂၀၂၇ ခုနှစ်မှာ သက်တမ်းကုန်းဆုံးမယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အမှာစာသစ်က ပထမဆုံး F-35 လေယာဉ်ကို ၂၀၂၉ ခုနှစ်မှာ ချက်သမ္မတနိုင်ငံက လက်ခံရရှိမှာဖြစ်ပြီး နောက်ဆုံးတိုက်လေယာဉ်ကို ၂၀၃၅ ခုနှစ်မှာ ရရှိမယ်လို့ သိရပါတယ်။

နိုင်ငံတော်ဘဏ္ဍာငွေ တည်ငြိမ်ဖို့ လိုအပ်နေတဲ့အချိန်မှာ ဒီဝယ်ယူမှုဟာ အလွန်အကျွံ အသုံးစရိတ်အဖြစ် အတိုက်အခံနိုင်ငံရေးပါတီအချို့က ရှုမြင်ထားပေမယ့် စစ်တပ်ကိုယ်စာလှယ်တွေကတော့ လိုအပ်တယ်လို့ ဆိုပါတယ်။

အဆိုပါဝယ်ယူမှုနဲ့ ဆက်စပ်တဲ့ ပရောဂျက် ၁၄ ခုအထိစီစဉ်ထားပြီး အဆိုပါပရောဂျက်တွေကို ပြည်တွင်းကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်တဲ့အတွက် နိုင်ငံစက်မှုလုပ်ငန်းအပေါ် ကောင်းတဲ့အကျိုးသက်ရောက်မှုတွေရှိလာမယ်လို့ ကာကွယ်ရေးဝန်ကြီး ဂျာနာက ပြောပါတယ်။

ချက်နိင်ငံရဲ့ ကာကွယ်ရေးအသုံးစာရိတ်ဟာ စုစုပေါင်း ချက်သရဖူ ၁၆၀ ဘီလီယံနီးပါးရှိပြီး ၂၀၂၄ ခုနှစ်မှာ ပထမအကြိမ် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ရဲ့ ၂ ရာခိုင်နှုန်းကို ကျော်လွန်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။