Trending Now

မြောက်ကိုရီးယားက နောက်ထပ်သူလျှိုဂြိုလ်တုလွှတ်တင်ဖို့ ပြင်ဆင်နေ

Spread the love

မြောက်ကိုရီးယားက နောက်ထပ်သူလျှိုဂြိုလ်တုလွှတ်တင်ဖို့ ပြင်ဆင်နေ

EPN
နိုင်ငံတကာ၊ မတ် ၃၀

မြောက်ကိုရီးယားဟာ သူ့ရဲ့ အနောက်မြောက်ဒေသမှာရှိတဲ့ နေရာတစ်ခုကနေ ဒုတိယမြောက် စစ်ဘက်ဆိုင်ရာ ဂြိုလ်တုကို လွှတ်တင်ဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ တောင်ကိုရီးယား မီဒီယာက ဆိုပါတယ်။

မကြာသေးမီက မြောက်ကိုရီးယား အနောက်မြောက်ပိုင်းဒေသမှာရှိတဲ့ ဂြိုဟ်တုလွှတ်တင်ရေးစခန်းတစ်ခုမှာ အကာတစ်ခုကိုတပ်ဆင်ထားတယ်လို့ တောင်ကိုရီးယားစစ်တပ်သတင်းရင်းမြစ်တွေကို ကိုးကားပြီး Yonhap သတင်းအေဂျင်စီက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှာ အဆင့်သုံးဆင့်ပါ ဒုံးပျံအတွက် အင်ဂျင်တစ်လုံးကို လောင်ကျွမ်းမှုဆိုင်ရာ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တာကို အတည်ပြုခဲ့တယ်လို့လည်း အဲဒီသတင်းအေဂျင်စီက ဆိုပါတယ်။

နိုဝင်ဘာလမှာ Malligyong-1 ဂြိုလ်တုကို အောင်အောင်မြင်မြင် လွှတ်တင်ခဲ့ပြီးနောက် အခုနှစ်မှာ နောက်ထပ် ၃ လုံး လွှတ်တင်မယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။

ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ သတင်းအချက်အလက်စုဆောင်းပြီးမြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်ဆိုတာကို ပြောပါတယ်။

ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့က Aegis ဖျက်သင်္ဘောတွေအပြင် အိုကီနာဝါခရိုင်ရှိ မြေပြင်အခြေစိုက် PAC-3 ကြားဖြတ်စနစ်တွေက မြောက်ကိုရီးယားကလွှတ်တင်တဲ့ ထောက်လှမ်းရေးဂြိုဟ်တုတစ်ခု ဂျပန်ပိုင်နက်ပေါ်သို့ ကျရောက်ရင် တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ဆိုပါတယ်။

ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။