Trending Now

တာချီလိတ်မြို့တွင် မော်တော်ယာဥ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား

Spread the love

တာချီလိတ်မြို့တွင် မော်တော်ယာဥ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွား

EPN
တာချီလိတ်၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညပိုင်းက Isuzu Double Cap ယာဥ်အတွင်းမှပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ည ၁၀ နာရီကျော်ခန့်က တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအနီးရှိ “ရွှေလင်းယုန်” ဂေါက်ကွင်းအနီးတွင် Isuzu Double Cap ယာဥ်အတွင်းမှပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် ယာဥ်မောင်း ယာဆူ ၏ မျက်နှာ၊ ဆီးခုံ၊ ပေါင်၊ ဗိုက်နှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် တာဝန်ရှိသူများက တာချီလိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းအား သိရှိနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလာရောက် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။