Trending Now

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား ဓါးဖြင့်ထိုးသတ်သူအား ဖမ်းဆီးရမိ

Spread the love

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား ဓါးဖြင့်ထိုးသတ်သူအား ဖမ်းဆီးရမိ 

EPN
ဖားကန့်၊မေ ၂၈

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးအား ဓါးဖြင့် ထိုးသတ်ခဲ့သူအား ဖမ်းဆီးရမိခဲ့ပြီ ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယမန်နေ့ မေလ(၂၇)ရက် နေ့လယ်ပိုင်းအချိန်က ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ၏ ကျောက်ရှာကွင်း ခြံဝန်းတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကိုနေလင်းအောင်အား အမည်မသိ ရေမဆေးကျောက် ရှာဖွေသူမှ ဓားဖြင့်ထိုးသဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓားထိုးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသူအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းရှာဖွေရာမှ ယနေ့ မေလ(၂၈)ရက်၊ နံနက်ပိုင်း တွင် ဖမ်းဆီးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းအမှုအားကျူးလွန်ခဲ့သည့် ရာဇာထွန်း၊ (၂၀)နှစ်၊ (ဘ) ဦးဆန်းမောင်၊ ဝှေခါမှော်တောင်းတွင် နေထိုင်သည့် ရေမဆေးကျောက်ရှာဖွေသူအား ဖားကန့်မြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် (၉/၂၀၂၀)၊ ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။