Trending Now

နယူးဇီလန်လေတပ်က စူပါဟာကျူလီ သယ်ယူ ပို့ဆောင်ရေးလေယာဉ် ငါးစင်း လက်ခံရရှိမည်

Spread the love

နယူးဇီလန်လေတပ်က စူပါဟာကျူလီ သယ်ယူ ပို့ဆောင်ရေးလေယာဉ် ငါးစင်း လက်ခံရရှိမည်

EPN
နိုင်ငံတကာ၊ ဇွန် ၈

နယူးဇီလန်လေတပ်က C130-H ဟာကျူလီလေယာဉ်များနေရာတွင် C-130J-30 စူပါဟာကျူလီလေ ယာဉ်ငါးစင်းဖြင့် အစားထိုးရန် စီစဉ်နေကြောင်း ကာကွယ်ရေးဝန်ကြီး ရွန်မတ်ခ်က ကြေညာလိုက်သည်။

ကာကွယ်ရေးဝန်ကြီး ရွန်မတ်ခ်က ဇွန်လ ၅ ရက်တွင် တော်ဝင် နယူးဇီလန်လေတပ်အခြေစိုက်စခန်း Whenuapai ၌ C-130J-30 စူပါဟာကျူလီ သယ်ယူပို့ဆောင်ရေးလေယာဉ်ငါးစင်း ဝယ်ယူမည့်အစီအစဉ်ကို အ တည်ပြုခဲ့ခြင်းဖြစ်သည်။


“နယူးဇီလန်နိုင်ငံသား မျိုးဆက်တွေက ဟာကျူလီလေယာဉ်တွေနဲ့ ကြီးပြင်းလာခဲ့တာဖြစ်ပြီး အဲဒီလေ ယာဉ်တွေက တုံ့ပြန်မှုဆောင်ရွက်ရာမှာ ရှေ့ဆုံးကပါဝင်တယ်ဆိုတာ သူတို့ သိကြပါတယ်” ဟု ရွန်မတ်ခ်က ပြော သည်။

နယူးဇီလန်ဟာရဲသတင်းစာ၏ ဖော်ပြချက်အရ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၁ ဘီလီယံတန်ကြေးရှိ စီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် နယူးဇီလန်လေတပ်က ၂၀၂၄ ခုနှစ်တွင် C-130J-30 စူပါဟာကျူလီ သယ် ယူပို့ဆောင်ရေးလေယာဉ်ငါးစင်း လက်ခံရရှိမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။

C-130J-30 စူပါဟာကျူလီလေယာဉ်မှာ လူသားများ၏ လိုအပ်ချက်များ၊ ထောက်ပံ့ရေးကုန်ကျစရိတ်များ လျော့ချရန် နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာ အသုံးပြုထားရာ ယခင်အမျိုးအစားများထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားသည်။

–ကိုးကား–
Defence Blog
Ref; New Zealand Air Force to receive five new C-130J-30 Super Hercules aircraft


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။