Trending Now

ရုရှားက အတ္တလန္တိတ်တွင် အသံထက်မြန်သော Zircon ခရုဇ်ဒုံးကျည်အသစ်များကို ဖြန့်ကျက်ခဲ့

Spread the love

ရုရှားက အတ္တလန္တိတ်တွင် အသံထက်မြန်သော Zircon ခရုဇ်ဒုံးကျည်အသစ်များကို ဖြန့်ကျက်ခဲ့

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၅

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အသံထက်မြန်သော မျိုးဆက်သစ် Zircon ခရုဇ်ဒုံးကျည်များ တပ်ဆင်ထားသော ဖရီးဂိတ်သင်္ဘောတစ်စီးကို အတ္တလန္တိတ်သမုဒ္ဒရာသို့ ဗုဒ္ဓဟူးနေ့က စေလွှတ်ခဲ့ပြီး ယူကရိန်းစစ်ပွဲအပေါ် ရုရှားက နောက်ပြန်ဆုတ်မည်မဟုတ်ကြောင်း အနောက်နိုင်ငံများအား အချက်ပြခဲ့သည်။

ရုရှား၊ တရုတ်နှင့် အမေရိကန်တို့သည် အသံ၏ အမြန်နှုန်းထက် ငါးဆအထိ ထိန်းကျောင်းနိုင်သော ခရုဇ်ဒုံးကျည်များက ရန်သူများကို အသာစီးရစေရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ထားပြီး လက်နက်များကို တီထွင်ထုတ်လုပ်ရန် ပြိုင်ဆိုင်နေကြသည်။

ဆိုဗီယက်ယူနီယံရေတပ်၏ Admiral of the Fleet of Gorshkov အမည်ရှိ ဖရီးဂိတ် သင်္ဘောပေါ်တွင် အသံထက်မြန်သော Zircon မျိုးဆက်သစ် ခရုဇ်ဒုံးကျည်များတပ်ဆင်ထားကြောင်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။

“ဒီတစ်ခါ သင်္ဘောမှာ နောက်ဆုံးပေါ် အသံထက်မြန်တဲ့ ဒုံးကျည်စနစ်ဖြစ်တဲ့ Zircon ကို တပ်ဆင်ထားပါတယ် ဒီလို အစွမ်းထက်တဲ့ လက်နက်တွေက ရုရှားကို အလားအလာရှိတဲ့ ပြင်ပခြိမ်းခြောက်မှုတွေကနေ စိတ်ချယုံကြည်စွာ အကာအကွယ်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပူတင်က ပြောကြားခဲ့သည်။

အဆိုပါ ခရုဇ်ဒုံးကျည်များသည် မည်သည့်ဒုံးကျည်ကာကွယ်ရေးစနစ်ကိုမဆို ဖြတ်ကျော်နိုင်သော ကမ္ဘာ့ပြိုင်ဘက်ကင်း ဒုံးကျည်များဖြစ်ကြောင်း ပူတင်းက ပြောကြားခဲ့ပြီး Gorshkov ဖရီးဂိတ် သင်္ဘောသည် အတ္တလန္တိတ်၊ အိန္ဒိယသမုဒ္ဒရာများနှင့် မြေထဲပင်လယ်သို့ ရွက်လွှင့်မည်ဖြစ်ကြောင်း သိရသည်။

— ကိုးကား —
Chinadaily
ref; Putin deploys new hypersonic cruise missiles to Atlantic

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။