Trending Now

ကားခဏငှားမည်ဟု ဆိုကာ လိမ်လည် ယူဆောင်ခံရမှု မြစ်ကြီးနားတွင် ဖြစ်ပွား

Spread the love

ကားခဏငှားမည်ဟု ဆိုကာ လိမ်လည် ယူဆောင်ခံရမှု မြစ်ကြီးနားတွင် ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဩဂုတ် ၁၈

မြစ်ကြီးနားမြို့၊ စံပြရပ်ကွက်တွင် နေထိုင်သူတစ်ဦးထံ ၎င်း၏ အသိမိတ်ဆွေတစ်ဦးမှ ကားခဏငှားမည်ဟုဆိုကာ လိမ်လည်ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဩဂုတ် ၁၆ ရက်က ဖြစ်ပွားခဲ့ကြောင်း ကားပိုင်ရှင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ကားပိုင်ရှင်ဖြစ်သူ၏ ဖခင် တစ်ဦးတည်း နေအိမ်၌ ရှိနေချိန် အသိမိတ်ဆွေ ဆမ်ဆုန် ဆိုသူမှ လေယာဉ်ကွင်းတွင် အဒေါ်သွားကြိုမည် ကားခဏငှါးပေးပါဟု ဆိုကာ Crown 2008 အဖြူ‌ရောင် ကားတစ်စီးကို လိမ်လည်ယူဆောင် သွားခဲ့သည်မှာ ၃ ရက်ထိ ရှိခဲ့ပြီဖြစ်သော်လည်း  ဆက်သွယ်မရ ပုန်းရှောင်နေကြောင်း ကားပိုင်ရှင်မှ ပြောပြသည်။

“ကျွန်မတို့ မိသားစု အားလုံးက ရန်ကုန် ရောက်နေတာ၊ အိမ်မှာအဖေ တစ်ယောက်ပဲ ကျန်ခဲ့တယ်။ အဲ့နေ့က အဖေဆီမှာ လေယာဉ်ကွင်းမှာ အဒေါ်တွေ သွားကြိုမလို့ ကားခဏငှါးပေးပါဆိုပြီး လာပြောတော့ အသိဆိုတော့ အဖေကလည်း ငှါးပေးလိုက်တာ။ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ညနေထိလည်းရောက်မလာလို့ ကျွန်မတို့ကို ဖုန်းဆက်မှ သိရတာ။ အခုဆို သုံးရက်ရှိနေပြီ ဆက်သွယ်လို့ မရဘူး။ သူတို့မိသားစုတွေကို ပြောတော့လည်း တာဝန်မယူပေးဘူး၊ ကိုယ့်ဘာသာ ရအောင် စုံစမ်းကြပါဆိုပြီး‌ပဲ ပြောလာတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ လိမ်လည်ခိုးယူသွားသူမှာ ဦးဆမ်ဆုန် အသက် (၂၄)နှစ်ခန့် ဝန်းကျင်ရှိသူဖြစ်ပြီး လက်ရှိတွင် ဇနီးသည်နှင့် မန်ခိန်ရပ်ကွက်တွင် နေထိုင်ကာ လောင်းကစားလုပ်သူတစ်ဦး ဖြစ်ကြောင်း သိရပြီး ယခုကဲ့သို့ ကားဆိုင်ကယ်များကို လိမ်လည် ယူဆောင်နေသူဖြစ်ကြောင်းလည်း ကားပိုင်ရှင်၏ မိတ်ဆွေများ ပြောပြချက်အရ သိရသည်။

ယခု ဦးဆမ်ဆုန် လိမ်လည်ယူ‌ဆောင်သွားသည့် ကားမှာ Crown 2008 (G full grade) အမျိုးအစား အဖြူရောင် မော်တော်ကားဖြစ်ပြီး ပိုင်ရှင်မှ ဝယ်ယူထားသည်မှာ နှစ်လနီးပါးသာရှိ သေးသည့်ကြောင်းနှင့် အဆိုပါကားကို လမ်းတွင် မောင်းနှင်နေသည်ဖြစ်စေ၊ အပေါင်ဆိုင်များသို့ လာရောက် ရောင်းချခြင်းများ တွေ့ရှိပါက (09 777298545) နံပါတ်သို့ ဆက်သွယ် အကြောင်းကြားပေးစေလိုကြောင်း ကားပိုင်ရှင်မှ အကူအညီတောင်းဆို ထားသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။