Trending Now

လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲ ချီဖွေမြို့၌ ကျင်းပနေ

Spread the love

လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲ ချီဖွေမြို့၌ ကျင်းပနေ
EPN
ချီဖွေ၊ ဖေဖော်ဝါရီ ၂၃
လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ကချင်ပြည်နယ်အထူးဒေသ(၁) ချီဖွေမြို့ရှိ လဗျူဟိုတယ်၌ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက်ပိုင်းက စတင်ကျင်းပနေသည်။
တွေ့ဆုံပွဲ ပထမနေ့တွင် ကောင်းချီးမင်္ဂလာ ဆုတောင်းဆက်ကပ်ပြီးနောက် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းနှင့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် မျိုးနွယ်စုကိုယ်စားလှယ် ၃ ဦးတို့မှ တွေ့ဆုံပွဲ အခမ်းအနား မုဒ်ဦး၌ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ကြပြီး တွေ့ဆုံပွဲကို စတင်ခဲ့သည်။
တွေ့ဆုံပွဲတွင် ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းက အဖွင့်မိန့်ခွန်းစတင် ပြောကြားကာ တက်ရောက်လာကြသည့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် မျိုးနွယ်စုကိုယ်စားလှယ် တို့က ဆွေးနွေးတင်ပြကြသည်။
တွေ့ဆုံပွဲသို့ ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေး အဖွဲ့ချုပ် ဥက္ကဌကြီး ဦးဇခုန်တိန့်ယိန်းနှင့် အဖွဲ့ဝင်များ လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် မျိုးနွယ် ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မျိုးနွယ်စုဝင်များ တက်ရောက်လျှက်ရှိသည်။
ချီဖွေမြို့၌ ကျင်းပပြုလုပ်နေသည့် လော်ဝေါ်၊ လာချိဒ်၊ ငေါ့ချမ်း စသည့် ဘာသာစကားတူ မျိုးနွယ်စုများ တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း – ကေကေ
ဓါတ်ပုံ – ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။