Trending Now

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀၀၀ ကျော်အထိရှိလာ

Spread the love

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၀၀၀ ကျော်အထိရှိလာ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၃

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွင်း သွေလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အဆိုးရွားဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ယခုနှစ် ပထမကိုးလအတွင်း သေဆုံးသူ ၁၀၀၀ ကျော်နဲ့ ကူးစက်ခံရသူ ၂၀၉၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ရောဂါကြောင့် သေဆုံးသူတွေထဲမှာ မွေးကင်းစကလေးငယ်တွေ အပါအဝင် အသက် ၁၅ နှစ်အောက် ကလေးငယ် ၁၁၂ ဦးပါဝင်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုဟာ ယခင်နှစ်ကထက် လေးဆနီးပါးပိုများတယ်လို့ သိရပါတယ်။

သွေးလွန်တုတ်ကွေးရောဂါဟာ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ကြွက်သားနာကျင်ခြင်းနဲ့ ပြင်းထန်တဲ့အခြေအနေမှာ သွေးထွက်လွန်ခြင်းနဲ့ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ရာသီဥတုပြောင်းလဲမှုတွေက သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကူးစက်ပျံနှံ့မှုကို တိုးပွားလာစေတဲ့ အကြောင်းရင်းတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာထားပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ကုသဖို့၊ ကာကွယ်ဖို့ တိကျတဲ့ဆေးဝါးတွေမရှိသလို ထပ်ခါတလဲလဲ ကူးစက်ခံရပါက ပိုမိုပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအများစုဟာ ဒုတိယအကြိမ် ဒါမှမဟုတ် တိယအကြိမ်ကူးစက်ခံထားရတဲ့ လူနာတွေဖြစ်ပြီး ပိုမိုပြင်းထန်တဲ့ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုကို ဖြစ်ပွားစေတဲ့အကြောင်းရင်းတစ်ခုအဖြစ် ဆရာဝန်တွေက ပြောပါတယ်။

” လူတွေမှာ ဒုတိယအကြိမ်၊ တတိယ ဒါမှမဟုတ် စတုတ္ထအကြိမ် သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ ပြင်းထန်မှု တိုးလာပါတယ်၊ သေဆုံးမှုအရေအတွက်လည်း ပိုများပါတယ်၊ ဒါ့အပြင် ရောဂါအခြေအနေ တော်တော်ဆိုးတဲ့အချိန်မှ ဆေးရုံကိုလာကြတဲ့အတွက် ကုသရတာ တကယ်ကို ရှုတ်ထွေးပါတယ်။” လို့ ဒါကာဆေးရုံက ဆရာဝန် မိုဟာမက် ရာဖီကယ် အစ္စလာမ်က ပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ၁၉၆၀ ခုနှစ်တွေကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပေမယ့်၂၀၀၀ ပြည့်နှစ်မှာ ပထမဆုံး စံချိန်တင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို မြင်တွေ့ခဲ့ရပြီး အဲ့ဒီအချိန်ကစတင်ကာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။

အစိုးရက ခြင်ပေါက်ဖွားရာနေရာတွေကို နှိမ်နင်းဖို့ အသိပညာပေးမှုတွေ အပါအဝင် သွေးလွန်တုပ်ကွေးရောဂါ တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်နေပေမယ့် နိုင်ငံအနှံ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရာမှာ စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

Ref; aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။