Trending Now

အိန္ဒိယမှာ နာမည်ကြီးသွားတဲ့ မီးရထားဝန်ထမ်း အဖိုးအို

Spread the love

အိန္ဒိယမှာ နာမည်ကြီးသွားတဲ့ မီးရထားဝန်ထမ်း အဖိုးအို

EPN
ဖျော်ဖြေရေး၊ ဇူလှိုင် ၁
အိန္ဒိယက မီးရထားဝန်ထမ်းတစ်ဦးရဲ့ လက်မှတ်ရောင်းချတဲ့ အမြန်နှုန်းဟာ ဆိုရှယ်မီဒီယာပေါ်က လူအများကို တုန်လှုပ်စေခဲ့ပါတယ်။
သာမန်လူတစ်ယောက်အဖို့ လက်မှတ်အရောင်းစက်ကနေ လက်မှတ်ထုတ်ယူဖို့ စက္ကန့် သုံးဆယ်လောက်ကြာမှာဖြစ်ပေမယ့် အဆိုပါ မီးရထားဝန်ထမ်းက ၁၅ စက္ကန့်အတွင်းမှာပဲ ခရီးသည်သုံးဦးအတွက် လက်မှတ် ဖြတ်ပေးခဲ့တာပါ။
ဆိုရှယ်မီဒီယာပေါ်မှာ မျှဝေထားတဲ့ ဗီဒီယိုထဲမှာတော့ သူဟာ ခရီးသည်သွားလိုတဲ့နေရာကို မေးပြီးတာနဲ့ ဖန်းသားပြင်ကိုတောင်မကြည့်ဘဲ လက်က အလိုလျောက် စက်ထဲကို လက်မှတ်ထုတ်ယူဖို့ ရိုက်ထည့်နေတာကို တွေ့ရမှာပါ။
လက်ရှိမှာတော့ မီးရထားဝန်ထမ်းရဲ့ အဆိုပါ ဗီဒီယိုဖိုင်ဟာ ကမ္ဘာ့တစ်ဝှမ်းက ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ နာမည်ကြီးရေပန်းစားနေပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။