Trending Now

ပခူက္ကူမြို့ပေါ်မှာ ၁ ရက်ထဲ ၂ နေရာ ဓားပြအတိုက်ခံရပြီး အိမ်ရှင်တွေဒဏ်ရာရ

Spread the love

ပခူက္ကူမြို့ပေါ်မှာ ၁ ရက်ထဲ ၂ နေရာ ဓားပြအတိုက်ခံရပြီး အိမ်ရှင်တွေဒဏ်ရာရ

EPN
ပခုက္ကူ ၊ ဇွ န် ၂၉

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ မနေ့ ဇွန် ၂၈ ရက်က တနေ့ထဲမှာ ဓားပြ ၂ နေရာအတိုက်ခံရပြီး ဓားပြတိုက်ခံရတဲ့ အိမ်ရှင်တွေဟာ ဓားဒဏ်ရာရ ခဲ့တယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” မနေ့က ၁ ရက်ထဲ ၂ နေရာ ဓားပြအတိုက်ခံရတာပါ ၊ မနက်အစောပိုင်းမှာ အမှတ် ၁၅ ထဲက အိမ် ၁ အိမ်အရင်ဆုံးအတိုက်ခံရတယ် ၊ အိမ်ရှင်ဖြစ်သူဟာ ဓားပြတွေရဲ့ လက်ချက်ကြောင့် ဓားထိုးခံရပြီး ဒဏ်ရာရခဲ့တယ် ၊ ညနေ ၄ နာရီဝန်းကျင်မှာ စက်မှုဇုန်ထဲက Apple KTV ဆိုင်ဓားပြတိုက်ခံရတယ် ၊ လူ ၃ ယောက်က ဓားကိုင်ပြီး တိုက်တာဆိုတော့ ဆိုင်ရှင်ကလေးတယောက်က ပြန်ချတဲ့အခါ ဓားဒဏ်ရာရခဲ့ပြန်တယ် ” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဓားဒဏ်ရာရတဲ့ လူနာတွေဟာ ပခုက္ကူဆေးရုံမှာ ဆေးကုသခံနေတယ်လို့ သိရပါတယ်။

” လုယက်မှုဖြစ်တယ်လို့တော့ ကြားထားရတာရှိတယ် ၊ အခုထိတော့ စခန်းကို ရောက်မလာသေးဘူး ၊ ရောက်လာရင်တော့ အမှုဖွင့်အရေးယူမှာပါ ” လို့ ပခုက္ကူခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပခုက္ကူမြို့ပေါ်က ကားဝပ်ရှော့ဆိုင်မှာ အပ်ထားတဲ့ အိမ်စီးကား ၁ စီး အနုကြမ်းစီး လုယက်ခံရတာ ဖြစ်ခဲ့ပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။