Trending Now

မြစ်ကြီးနားမြို့တွင် ကားကို အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် နဂါးနှစ်ကောင် ဟိုတယ်အနီးရှိ ရပ်နားထားသည့် ကားနှစ်စီးအပါအဝင် ဆက်သွယ်ရေးတာဝါတိုင်အား ဝင်တိုက်ပြီး တိမ်းမှောက်မှု ဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် ကားကို အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် နဂါးနှစ်ကောင် ဟိုတယ်အနီးရှိ ရပ်နားထားသည့် ကားနှစ်စီးအပါအဝင် ဆက်သွယ်ရေးတာဝါတိုင်အား ဝင်တိုက်ပြီး တိမ်းမှောက်မှု ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇွန်လ၂၄

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်တွင် ယမန်နေ့ ဇွန်လ၂၃ရက်နေ့ ည ၁၁နာရီခွဲအချိန်က အရက်အမူးလွန်ကာ ကားကိုအရှိန်ပြင်းစွာမောင်းနှင်မှူကြောင့် လမ်းဘေးရှိဟိုတည်တွင် ရပ်နားသည့် ကားနှစ်စီးအပါအဝင် ဆက်သွယ်ရေးတိုင်အား တိုက်မိပြီးနောက် တိမ်းမှောက်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံများထံမှ သိရသည်။

အဆိုပါ ကားမောင်းနှင်သူမှာ အရက်မူးလွန်ကာ အထက ၃ ရှေ့လမ်းတစ်လျောက် အရှိန်ပြင်းစွာ မောင်းနှင်လာခြင်းဖြစ်ပြီး ဘူတာလမ်းဆုံ မီးပှိုင့်အကျော်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးပလပ်ဖောင်းနှင့် ဝင်တိုက်မိပြီးနောက် ဟိုတယ်အနားတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အနီးအနား ရှိ ပြည်သူတစ်ဦးကပြောသည်။

“ည၁၁ ခွဲလောက်ရှိပြီး သူက အရက်မူးနေတာ၊ တော်တော်လေး သောက်ထားတယ်နဲ့တူတယ်၊ အထက၃ ရှေ့လမ်းကနေ မောင်းလာတာ ၊ အရှိန်က အရမ်းများတယ် သံလမ်းကူးနားမှာတောင် အရှိန်မလျော့ပဲမောင်းလို့ အနားက လူတွေတောင်ပြောနေသေးတယ်၊ အဲ့ကနေ မီး ပွိုင့်ကျော်တော့လမ်းဘေး ပလပ်ဖောင်းနဲ့ တိုက်မိတာ အဲ့တစ်လျောက်က ပဲ နဂါးနှစ်ကောင်ဟိုတည်ထိ အဲ့ရှေ့ရောက်မှ ဟိုတည်ကိုတိုက်မိပြီးရပ်သွားတာ ၊ ဟိုတည်က ဧည့်သည်နှစ်ဦးရဲ့ ကားနှစ်စီးလဲ ထိသွားသေးတယ်၊ ” ဟု ၎င်းကပြောသည်။

ယင်းကားတိမ်းမှောက်မူကြောင့် ကားမောင်သူမှာ ဦးခေါင်းကွဲ ဒဏ်ရာပွန်းပဲ့ ဒဏ်ရာရရှိခဲ့ပြီး မျိုးဆက်သစ်လူမူ့ကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ညအချိန် ယာဉ်တိမ်းမှောက်မှူများ၊ ယာဉ်တိုက်မှူများ မကြာခဏ ဖြစ်ပွားလာပြီး ဇွန်လ ၂၁ ရက်နေ့ည ၇ နာရီခွဲခန့်ကလည်းဂျာမိုင်ကောင်းနှင့် ဒူကထောင်လမ်းသံလမ်းကူးဘေး တွင် ဆိုင်ကယ်နှစ်စီးအရှိန်ပြင်းစွာမောင်နှင်မှူကြောင့် ယာဉ်တိုက်မှူဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။