Trending Now

မြန်မာနိုင်ငံ ချောက်ရေနံမြေမှာ စင်္ကာပူကုမ္ပဏီက ရေနံစတင်တူးဖော်နေ

Spread the love

မြန်မာနိုင်ငံ ချောက်ရေနံမြေမှာ စင်္ကာပူကုမ္ပဏီက ရေနံစတင်တူးဖော်နေ

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁

စင်္ကာပူမှာစာရင်းသွင်းမှတ်ပုံတင်ထားတဲ့ Interra Resources ကုမ္ပဏီဟာ ၄င်းတို့ကုမ္ပဏီနဲ့ Goldpetrol Joint Operating Company တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ မကွေးတိုင်း ချောက်မြို့နယ်မှာရှိတဲ့ လုပ်ကွက်အမှတ် CHK 1238 မှာ ရေနံတူးဖော်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

Interra Resources ကုမ္ပဏီဟာ ချောက်ရေနံမြေက Improved Petroleum Recovery Contract မှာ ရှယ် ယာ ၆၀% ပိုင်ဆိုင်ထားသလို အဲဒီရေနံမြေမှာ အလုပ်လုပ်နေတဲ့ Goldpetrol ကုမ္ပဏီမှာလည်း ရှယ်ယာ ၆၀% ပိုင်ဆိုင်ထားပါတယ်။

လုပ်ကွက်အမှတ် CHK 1238 မှာ ငှားရမ်းထားတဲ့ ZJ 750 ရေနံတွင်းတူးစက်ပစ္စည်းကိရိယာတွေကိုအသုံးပြုပြီး တူးဖော်နေတာဖြစ်ပြီး အဲဒီရေနံတွင်းတူးလုပ်ငန်းအတွက် အသုံးစရိတ်တွေကို Interra Resources ကုမဏီရဲ့ ဘတ်ဂျက်တွေထဲက မျှဝေသုံးစွဲနေတာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကုမ္ပဏီက ကြေညာခဲ့ပါတယ်။

မူလပထမရေနံသိုက် စမ်းသပ်ထုတ်လုပ်မှုတွေဆောင်ရွက်နေတဲ့ လုပ်ကွက်အမှတ် CHK 1227 အရှေ့ဘက် လျောစောင်းမှာရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ ချောက်ရေနံမြေ 54N-Moolla ပြတ်ရွေ့ကြောနေရာမှာ လုပ်ကွက်အ မှတ် CHK 1238 ကို တူးဖော်သွားမှာဖြစ်ပါတယ်။
လုပ်ကွက်အမှတ် CHK 1238 ရေနံသိုက်အနက်ကို ဆန်းစစ်လေ့လာထားတဲ့ ကနဦးရည်မှန်းချက်အတိုင်း မြေ အောက်အနက် ပေ ၄၆၅၀ မှာ တူးဖော်သွားဖို့ ရည်ရွယ်ထားပါတယ်။

လုပ်ကွက်အမှတ် CHK 1238 ဟာ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး Goldpetrol ကုမ္ပဏီက တူးဖော်နေတဲ့ ဒုတိယမြောက်လုပ်ကွက်ဖြစ်ပါတယ်။

ရေနံတူးဖော်မှုရလဒ်အခြေအနေတွေကို သီတင်းပတ်ခြောက်ပတ်အတွင်းမှာ အဖြေသိရမယ်လို့ Interra Resources ကုမ္ပဏီက ခန့်မှန်းထားပြီး သေသေချာချာလေ့လာစိစစ်ပြီးတာနဲ့ ရလဒ်ကို ထုတ်ပြန်ကြေညာ သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

Ref: Singapore Company starts oil drilling in Myanmar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။