Trending Now

ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ပြန်လည်တွေ့ရှိ

Spread the love

ကွန်ဂိုနိုင်ငံမှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ပြန်လည်တွေ့ရှိ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၃

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်း ကီဗူး ပြည်နယ်မှာ အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ်တစ်ဦးကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မနေ့က အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

ကီဗူးပြည်နယ် ဘန်နီ အထွေထွေရောဂါကုဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူခဲ့တဲ့ အသက် ၄၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ အီဘိုလာရောဂါပိုးကိုတွေ့ရှိခဲ့တာဖြစ်ပြီး သူမဟာ အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေစဉ်အတွင်း သြဂုတ်လ ၁၅ ရက်နေ့က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ဆိုင်စစ်ဆေးမှုတွေအရ ကူးစက်မှုဟာ ကီဗူးပြည်နယ်အပါအဝင် ပြည်နယ်သုံးခုမှာ ၂၀၁၈-၂၀၂၀ ခုနှစ်က ကူးစက်ပြန့်ပွားခဲ့တဲ့ အီဘိုလာရောဂါပိုးနဲ့ မျိုးရိုးဗီဇဆက်စပ်မှုရှိနေတယ်လို့ဆိုပါတယ်။

ကွန်ဂိုနိုင်ငံမှာ ၂၀၁၈-၂၀၂၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အီဘိုလာကပ်ရောဂါ ကာလအတွင်း လူပေါင်း ၃၄၇၀ ဦးကူးစက်ခံခဲ့ရပြီး ၂၂၈၇ ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိကွန်ဂိုနိုင်ငံမှာ အီဗိုလာပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့အတွက် ပြည်နယ်ကျန်းမာရေးဌာနတွေနဲ့ ဘန်နီကျန်းမာရေး အဖွဲ့တွေက မြေပြင်မှာ ကွင်းဆင်းဆောင်ရွက်နေပြီးဖြစ်ကြောင်း သိရပါတယ်။

Source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။