Trending Now

မော်လမြိုင်ကျွန်းမြို့နယ်၌ တစ်ရက်အတွင်း ၂နှစ်အရွယ်ကလေး တစ်ဦးအပါအဝင် ၁၇ ဦး COVID-19 ရောဂါကူးစက်ခံရ

Spread the love

မော်လမြိုင်ကျွန်းမြို့နယ်၌ တစ်ရက်အတွင်း ၂နှစ်အရွယ်ကလေး တစ်ဦးအပါအဝင် ၁၇ ဦး COVID-19 ရောဂါကူးစက်ခံရ

EPN
မော်လမြိုင်ကျွန်း၊ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်
တွင် ယမန်နေ့က (၂)နှစ်အရွယ်ကလေး (၁)ဦး အပါအဝင် လူ ၁၇ ဦး COVID-19 ရောဂါကူးစက်ခံရကြောင်း မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က တွေ့ရှိခဲ့သည့် အဆိုပါ COVID-19 အတည်ပြုလူနာသစ် ၁၇ ဦးသည် ဖျားနေပြီး ချောင်းဆိုး၊ ခေါင်းမူးဖြစ်နေသဖြင့် ဆေးရုံလာရောက်ပြသခြင်းကြောင့် Antigen test kit အသုံးပြု၍ COVID-19 ရောဂါ ရှိ၊ မရှိစစ်ဆေးခဲ့ရာရောဂါပိုးတွေ့ရှိခြင်း ဖြစ်သည်။

“မနေ့က တစ်ရက်တည်း ကိုဗစ်အတည်ပြု လူနာသစ် ၁၇ ဦးအထိ ပြန်တွေ့လာရပါတယ်။ ဒီအထဲမှာ ရန်ကုန်က နေ လာသူ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတော့ နှစ်ယောက်နဲ့အသက်နှစ်အရွယ် ကလေးတစ်ယောက်လည်းပါဝင်တာတွေ့ရပါတယ်။ မျိုးဗီဇပြောင်း အိုမိခရွန် ရောဂါကူးစက်ခံရခြင်းတော့ မရှိသေးပါဘူး၊ ပြည်သူတွေအနေနဲ့ ကျန်းမာရေး သတိရှိကြပါလို့ ပြောချင်ပါတယ်”ဟု မော်လမြိုင်ကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

COVID-19 ရောဂါ အတည်ပြုလူနာသစ် ၁၇ ဦးမှာ မအူပင်လမ်း ၁၁ ရပ်ကွက်မှ အသက် (၇၂)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပန်းခ/ကျုံလတာ ကျေးရွာ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ထီတိုလိုအုပ်စု၊ ကမ်းဇောက်ကျေးရွာမှ အသက်(၂၂)နှစ် အရွယ်အမျိုးသားတစ်ဦး၊ (၄၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၇)လမ်း၊ (၃) ရပ်ကွက်မှ အသက် (၈၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၅၀)နှစ် အရွယ် အမျိုးသားတစ်ဦး၊ (၂၆)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ (၂၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၂၅)နှစ် အရွယ်အမျိုးသားတစ်ဦး၊ မော်လမြိုင်ကျွန်း စစ်ဆေးရေး ဂိတ်တွင် စစ်ဆေးရာမှ ပိုးတွေ့ရှိသည့် ရန်ကုန်မြို့မှလာသူ ထောက်ကြံ့မြို့နယ်တွင် နေထိုင်သည့်အသက် (၅၃)နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် (၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ ရေကျော်ဘုရားဒေါင့်ကျေးရွာမှအသက်(၃၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ (၃၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ (၃၀)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပန်းခ/ကျုံလတာကျေးရွာမှ အသက်(၄၅)နှစ်အရွယ်အမျိုးသမီးတစ်ဦး၊ အသက်(၁၃)နှစ် အရွယ်အမျိုးသားတစ်ဦး၊ အသက်(၂)နှစ်အရွယ် မိန်းခလေးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အတည်ပြုလူနာ (၁၇)ဦးထဲမှ အသက်(၈၄) နှစ်အရွယ် အမျိုးသမီးနှင့် အသက်(၅၀)အရွယ်အမျိုး သားတို့သည် ရန်ကုန်အာရှာတော်ဝင်ဆေးရုံသို့ လွှဲပြောင်း၍
ဆေးကုသမှုခံယူနေပြီး ကျန်လူနာများအား မော်လမြိုင်ကျွန်းမြို့ ကုတင် ၁၀၀ ပြည်သူ့ဆေးရုံတွင် ထားရှိ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့တွင် ဖေဖော်ဝါရီလ ၁ ရက်မှ ၁၁ ရက် ညနေပိုင်းအထိ COVID-19ကူးစက်ခံရ သူစုစုပေါင်း ၄၂ ဦး အထိရှိနေကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။