Trending Now

ဖားကန့်မြို့တွင် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားပြုလုပ်သည့်နေရာအနီး ဗုံး၂လုံးပေါက်ကွဲ

Spread the love

ဖားကန့်မြို့တွင် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားပြုလုပ်သည့်နေရာအနီး ဗုံး၂လုံးပေါက်ကွဲ
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီလ ၁၂
ကချင်ပြည်နယ်ဖားကန့်မြို့တွင် ယနေ့(၇၅)ကြိမ်မြောက် ပြည်ထောင်စုနေ့အတွက် အလံတင်အခမ်းအနားပြုလုပ်သည့် စုပေါင်းရုံးအနီး ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယနေ့ကျရောက်သည့် ၇၅ ကြိမ်မြောက်ပြည်ထောင်စုနေ့အတွက် မနက် ၅နာရီခန့်က စတင်ကာ ဖားကန့်မြို့ရှိ စုပေါင်းရုံးအတွင်း အလံတင်အခမ်းနားပြုနေခဲ့ပြီး ယင်းအခမ်းအနားအပြီး ၊၆နာရီခန့်တွင် စုပေါင်းရုံးအနောက်၊ အကောက်ခွန်ဌာနနှင့် စုပေါင်းရုံးကြားတွင် တစ်လုံး၊ ၇ နာရီခန့်တွင် စုပေါင်းရုံးအဝင် အပေါက်အနီးတွင် တစ်လုံးပေါက်ကွဲခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
“မနက်က ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား အပြီး မကြာဘူး ၇ နာရီလောက်မှာ စုပေါင်းရုံးအနောက်မှာပဲ တစ်လုံးပေါက်ကွဲခဲ့တယ်၊ အဲ့ဒီမိုင်းပေါက်ပြီး ၇ နာရီလောက်မှာ စုပေါင်းရုံးအဝင်ဂိတ်နားမှာ တစ်လုံးပေါက်ကွဲခဲ့တယ်၊ထောင်မိုင်းလို့ သုံးသပ်ရတယ်၊ ထိခိုက်ဒဏ်ရာတော့မရှိဘူး၊ ” ဟု ၎င်းကပြောသည်။
အဆိုပါ ပေါက်ကွဲမှုများကြောင်း လူနှင့် တိရိစ္ဆာန်ထိခိုက်မှုမရှိဘဲ ၊ ပေါက်ကွဲမှုဖြစ်သည့်နေရာ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းရုံးအဝင်ဂိတ်အနီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း တစ်လုံး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။