Trending Now

ထိုင်းမှာ စစ်အာဏာသိမ်းမှုထပ်ဖြစ်မှာမဟုတ်ဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ် ကတိပြု

Spread the love

ထိုင်းမှာ စစ်အာဏာသိမ်းမှုထပ်ဖြစ်မှာမဟုတ်ဘူးလို့ ထိုင်းဒုတိယဝန်ကြီးချုပ် ကတိပြု 

EPN
နိုင်ငံတကာ၊ မတ် ၂၄

 မဲဆန္ဒရှင်ပြည်သူတွေ ဟာ မတ်လ ၂၄ ရက်မှာကျင်းပတဲ့ရွေးကောက်ပွဲမှာ ထိုင်း စစ်တပ်လိုလားတဲ့ပါတီတွေကိုမထောက်ခံဘူးဆိုရင် ထိုင်းစစ်တပ်က ရွေးကောက်ပွဲပြီးချိန်မှာ စစ်အာဏာသိမ်းမယ်ဆိုတဲ့ သတင်းတွေကို ထိုင်း ဒုတိယဝန်ကြီးချုပ် ပရာစ်ဝမ်ဆူဝမ်က ငြင်းဆန်လိုက်ပါတယ်။ 

စစ်အာဏာထပ်သိမ်းမယ်ဆိုတဲ့သတင်းတွေအပေါ်စိုးရိမ်စရာမလိုကြောင်း၊ လုံခြုံရေးအဖွဲ့တွေကို အထူးအမိန့်ပေးထားတာမျိုးမရှိကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်ကဆိုပါတယ်။ သူအနေနဲ့ စစ်တပ် လိုလားတဲ့ပါတီ ပလန်ပရာချာရက်ပါတီ နဲ့ ညွှွန်ပေါင်းအစိုးရဖွဲ့စည်းနိုင်အောင် ကြားဝင်စေ့စပ်သူအဖြစ်လုပ်ကိုင်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှာတစ်ပါတီတည်းက အပြတ်အသတ်အနိုင်ရဖို့အလားလာနည်းကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ကပြောပါတယ်။ 


ထိုင်းရွှေးကောက်ပွဲကိုမတ်လ ၂၄ ရက်နေ့မှာစတင်ကျင်းပနေပြီး စစ်တပ်လိုလားတဲ့ပါတီတွေနဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်းသက်ဆင်လိုလားတဲ့ပါတီတွေကြားအဓိကယှဉ်ပြိုင်နေပြီး လူပေါင်း ၅၁ သန်းကျော်မဲပေးသွားမယ်လို့သိရပါတယ်။ ထိုင်းပြည်သူလွတ်တော်နေရာအတွက် တစ်ပါတီတည်းက အပြတ်အသတ်မနိုင်ဘူးဆိုရင် ညွန်ပေါင်းအစိုးရဖွဲ့ရမှာဖြစ်ပါတယ်။
———————————–

 

EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။