Trending Now

Abrams တင့်ကား ပထမအသုတ် ယူကရိန်းကို ရောက်ရှိခဲ့ကြောင်း ဇလန်ဇကီပြော

Spread the love

Abrams တင့်ကား ပထမအသုတ် ယူကရိန်းကို ရောက်ရှိခဲ့ကြောင်း ဇလန်ဇကီပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၆

အမေရိကန်လုပ် Abrams တင့်ကားတွေ ပထမဆုံးအသုတ်အဖြစ် ယူကရိန်းကို ရောက်ရှိလာခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇလန်ဇကီက တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

အမေရိကန်ထောက်ပံ့တဲ့ ဒီတင့်ကားတွေကို တန်ပြန်ထိုးစစ်ဆင်ရာမှာ အသုံးပြုသွားမယ်လို့ ဇလန်ဇကီက ပြောကြားခဲ့ပေမယ့် ရောက်ရှိလာတဲ့ တင့်ကားအရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဘိုင်ဒင်အစိုးရက ယူကရိန်းကို ကတိပြုထားတဲ့ M1 Abrams တင့်ကား ၃၁ ရဲ့ ကနဦးအသုတ်ကို ခန့်မှန်းခြေလတွေထက် စောပြီးပို့ပေးနိုင်ခဲ့တယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။

တပ်စုနှစ်စုအရေအတွက် တန်ဖိုးရှိတဲ့ တင့်ကားတွေကို ပေးပို့ခဲ့တယ်လို့ အမေရိကန်ရဲ့ ပြောဆိုချက်အရ တင့်ကား ၈ စီးကနေ ၁၀ စီးကြားဖြစ်နိုင်တယ်လို့ နယူယောက်စ်ပို့စ်က ခန့်မှန်းထားပါတယ်။

M1 Abrams တင့်ကားဟာ တတိယမျိုးဆက် အမေရိကန် ပင်မတိုက်ပွဲဝင်တင့်ကားဖြစ်ပြီး ပင်လယ်ကွေ့စစ်ပွဲ၊ အီရတ်စစ်ပွဲနဲ့ အာဖဂန်စစ်ပွဲ အပါအဝင် ပဋိပက္ခများစွာမှာ အသုံပြုခဲ့တဲ့ နာမည်ကြီး တင့်ကားအမျိုးစားတစ်ခုဖြစ်ပါတယ်။

ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။