Trending Now

ချစ်သူများနေ့က KIA/PDF ဖမ်းဆီးခဲ့သည့် လူငယ်များအနက် (၁၃)ဦး ပြန်လွတ်လာ

Spread the love

ချစ်သူများနေ့က KIA/PDF ဖမ်းဆီးခဲ့သည့် လူငယ်များအနက် (၁၃)ဦး ပြန်လွတ်လာ

EPN

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ဝါးရှောင် အပန်းဖြေစခန်းသို့ ချစ်သူများနေ့က အလည်အပတ်သွားရောက်ရင်း KIA/PDF က ဖမ်းဆီးခဲ့သည့် လူငယ်များအနက် (၁၃)ဦး ယမန်နေ့က ပြန်လွတ်လာခဲ့ပြီ ဟု သိရသည်။

ဝါးရှောင်အပန်းဖြေစခန်းသို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က သွားရောက်လည်ပတ်သူ လူငယ် (၅၀) ခန့်ကို KIA/PDF ပူးပေါင်းအဖွဲ့မှ အပန်းဖြေစခန်း၊ လမ်းခုလပ်နှင့် စားသောက်ဆိုင်များတွင် ဝင်ရောက်ဖမ်းဆီးခံလိုက်ရပြီး ယင်းအနက် (၁၃) ဦးမှာ ယမန်နေ့က ပြန်လည်လွတ်မြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က မနက် ၇ နာရီလောက်မှာ ပြန်လွတ်လာတယ် လူငယ်အမျိုးသား အမျိုးသမီး (၁၃) ဦး အဲဒီအထဲမှာ အသက်မပြည့်သေးသူတွေ ကျောင်းသားတွေ ပါတယ်၊ သူတို့ကိုတော့ ပြန်လွတ်ပေးခဲ့တယ်၊ အဖမ်းခံရတာက ရှမ်းလူငယ်တွေများတယ်၊ အခုပြန်လွတ်လာတာလည်း ရှမ်းတွေများတယ်၊ ဖမ်းဆီးခံထားတဲ့ သူတွေလည်း ကျန်သေးတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ ပြန်လွတ်လာသူ အများစုမှာ အသက် (၁၇) နှစ်မှ အသက်(၂၆)နှစ် အတွင်း ကျောင်းသားကျောင်းသူများ ဖြစ်ကြသည့်အတွက် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ကျန်သူများကိုမူ KIA/PDF ပူးပေါင်းအဖွဲ့မှ မလွတ်ပေးသေးကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့တွင် အများသူငှာ သွားလာကြသည့် အပန်းဖြေစခန်းများ ဖြစ်ကြသော ဝါးရှောင်၊ မြစ်ဆုံ၊ အောင်မြင်သာ၊ ရေပြာအိုင်၊ ကချင်ချောင်းသာ စသည့် နေရာတို့အား ရုံးပိတ်ရက် အလုပ်နားရပ်တို့သွား အစုအဖွဲ့များနှင့် သွားလာလေ့ရှိကြသော်လည်း နိုင်ငံရေး အခြေအနေများကြောင့် သွားလာမှု အလွန်နည်းပါးနေကြောင်း အပန်းဖြေစခန်းများရှိ ဆိုင်ရှင်များထံမှ သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။