Trending Now

တနိုင်းမြို့တွင် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကျင်းပပြုလုပ်

Spread the love

တနိုင်းမြို့တွင် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းမြို့ ဟူးကောင်းခန်းမတွင်ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၇ နာရီအချိန်က (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူ များက နိုင်ငံတော်အလံအား အလေးပြုပြီး၊ တနိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်လင်းမှ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ ကြောင်း သိရသည်။

အခမ်းအနား ပြီးဆုံးချိန်တွင် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိန်းအမှတ်အဖြစ် အပြေး ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း အားကစားများကို ထည့်သွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းနားတွင် တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးအောင်စိုးနှင့်အဖွဲ့၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအကြီးကဲများ၊ တိုင်းရင်း သားရိုးရာ ယဥ်ကျေးမှုအဖွဲ့၊ အမျိုးသမီးရေးရာနှင့် မိခင်/ကလေးအဖွဲ့၊ မြို့မိ/ဖများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

ယင်းအပြင် နာဂဒေသရှိ လဟယ်မြို့နှင့် ဟုမ္မလင်းမြို့တွင်လည်း (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။