Trending Now

မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တောင်ကိုရီးယားက ဝင်ရောက်စီးနင်းခဲ့

Spread the love

မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးနဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တောင်ကိုရီးယားက ဝင်ရောက်စီးနင်းခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးနဲ့ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တောင်ကိုရီးယားက ဝင်ရောက်စီးနင်းခဲ့ပြီး အမေရိကန်စစ်သား ၁၇ ဦးနဲ့ အခြားလူ ၅ ဦးကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးနဲ့ တောင်ကိုရီးယားတစ်ဦးတို့ကိုတော့ ဖမ်းဆီးထားပြီး အမေရိကန်စစ်သားတွေနဲ့ အခြားသံသယရှိသူတွေကိုတော့ ဖမ်းဆီးထားခြင်းမရှိသေးပဲ ဓာတုဆေးခြောက်မှောင်ခိုတင်သွင်းမှု၊ မူယစ်ဆေးဝါးသုံးစွဲမှုတွေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲက ပြောပါတယ်။

တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့အနီးက အမေရိကန်စစ်အခြေစိုက်စခန်းတွေဖြစ်တဲ့ Humphreys နဲ့ Camp Casey ကို တောင်ကိုးရီးယားရဲတပ်ဖွဲ့နဲ့ အမေရိကန်စစ်တပ် မှုခင်းစုံစမ်းရေးဌာနတို့ ပူးပေါင်းစီးနင်မှုအတွင်း ဓာတုဆေးခြောက် ၇၇ ဂရမ် (၂.၇ အောင်စ)၊ vaping ပြုလုပ်ရာမှာ အသုံးပြုတဲ့ အရည် ၄ ကီလိုဂရမ်ကျော်နဲ့ စုစုပေါင်း ငွေသား ဒေါ်လာ ဒေါ်လာ ၁၂၈၅၀ ကိုသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်စစ်သားတွေအပါအဝင် သံသယရှိသူ ၂၂ ဦးစလုံးဟာ Snapchat ကတဆင့် အခြေစိုက်စခန်းတွေကို မူးယစ်ဆေးဝါးဖြန့်ချီခဲ့တယ်လို့ စွပ်စွဲခံထားရတယ်လို့ သိရပါတယ်။

တောင်ကိုရီယားနိုင်ငံမှာ ဆေးခြောက်ရောင်းဝယ်ဖောက်ကားမှုဖြင့် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၅ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်သလို မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု အမြင့်ဆုံးထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဝမ်သန်း ၅၀ (ဒေါ်လာ ၃၇၂၀၀) ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။

Ref; Thestar

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။