Trending Now

ပူတာအိုမြို့ ရာဇီကုန်းပန်းခြံ၌ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

Spread the love

ပူတာအိုမြို့ ရာဇီကုန်းပန်းခြံ၌ ၂၀၂၀ပြည့်နှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် အရိပ်ရပင်များ စုပေါင်းစိုက်ပျိုး

 
EPN
ပူတာအို ဇွန် ၂၈

ကချင်ပြည်နယ်၊ပူတာအိုမြို့၊ ကောင်ကထောင်ရပ်ကွက်(၁) ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ပြည် ထောင်စုကားလမ်းမကြီးဘေးရှိ ရာဇီကုန်းပန်းခြံတွင် ကမ္ဘာ့သစ်ပင် စိုက်ပျိုးရေးနေ့အထိမ်းအမှတ်အရိပ်ရ သစ်ပင် များ စိုက်ပျိုးခြင်းကို ဇွန်(၂၇)ရက် နံနက် (၇)နာရီခွဲ၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာ စေရေးအတွက် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးရွှေ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးယောဆီ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင် ရာများနှင့် သစ်ပင်ချစ်မြတ်နိုးသူများ စုပေါင်း၍ ကံ့ကော်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏အစီ အစဉ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပျိုးခြံတွင် ပျိုးထောင်ထားရှိသည့် ကံ့ကော်အပင်ပေါင်း(၁၅၀)ပင် တို့ကို သတ်မှတ်ထားသည့် နေရာများတွင် အသီးသီးစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်ကိုလွင်ထံမှသိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။